ကိုယ်လက်လေ့ကျင့်ခန်းအတွက် ဘယ်လိုရည်မှန်းချက် အစီအစဉ်ဆွဲမလဲ

ကိုယ်လက်လေ့ကျင့်ခန်းအတွက် ဘယ်လိုရည်မှန်းချက် အစီအစဉ်ဆွဲမလဲ

ရေးသားသူ Dr. Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

ကိုယ်လက်လေ့ကျင့်ခန်းအတွက် ဘယ်လိုရည်မှန်းချက်အစီအစဉ်ဆွဲမလဲ

သင်စတင်လှုပ်ရှားဖို့ အဆင်သင့်ဖြစ်ရင် ရည်မှန်းချက်တွေချပြီးအစီအစဉ်ဆွဲရပါမယ်။

သင့် အနေနဲ့အစမှာစိတ်သိပ်မပါသေးဘူး၊ ကိုယ့်ကိုကိုယ် မနာကျင်စေချင်ဘူးဆိုရင် နည်းနည်းနဲ့ပဲစတင်ဖို့ သတိပြုပါ။

ရည်မှန်းချက်ချပါ

ကိုယ်ကာယလေ့ကျင့်ခန်းအတွက် ရည်မှန်းချက်ချဖို့ရာအဓိကသုံးချက်ကိုထည့်စဉ်းစားရပါမယ်။

  • ဘယ်လိုလှုပ်ရှားမှုမျိုးကို ဘယ်လောက်ကြာကြာလုပ်မယ်ဆိုတာ တိတိကျကျ သတ်မှတ်ပါ။
  • ဘယ်အချိန်မှာလုပ်မှာလဲ
  • သင့်ရည်မှန်းချက်ဟာလက်တွေ့ကျရဲ့လား။ တခါတည်းနဲ့ အများကြီးအပြောင်းအလဲ မလုပ်ပါနဲ့။

ဒီသုံးချက်ပါဝင်တဲ့ ဥပမာတစ်ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တစ်ပတ်မှာလေးရက် နေ့လယ်စာစားချိန်မှာ ၁၀ မိနစ်လောက် လမ်းမြန်မြန်လျှောက်မယ် (ထမင်းစားချိန်မှာတစ်ချိန်လုံးထိုင်စားနေမှာ မဟုတ်လို့ပါ)

ရည်မှန်းချက်ဆိုတာ ‘’ငါ ပိုပြီးလမ်းလျှောက်မယ်’’ ‘’ငါပိုပြီးကျန်းမာရမယ်’’ဆိုတာမျိုးပဲ မဟုတ်ပါဘူး။ ဒီစကားတွေကသိပ်မတိကျပါဘူး။

စာနဲ့ချရေးပါ

ရည်မှန်းချက်များကို ချရေးထားတာဟာအထောက်အကူပြုပါတယ်။ အဲ့ဒီစာတွေကိုသင်မြင်ရမယ့် နေရာမျိုးမှာထားပါ။ ရေခဲသေတ္တာမှာ၊ ရေချိုးခန်းမှန်မှာကပ်ထားပါ။ ပိုက်ဆံအိတ်ထဲမှာထည့်ထားပါ။

ရည်မှန်းချက်တွေချတဲ့အပြင် ဘယ်လိုအောင်မြင်အောင် လုပ်မယ်ဆိုတာ အစီအစဉ်ဆွဲပါ။

အောက်ပါမေးခွန်းတွေကိုဖြေကြည့်ပါ။

ဒါဆိုရင် ပြီးပြည့်စုံတဲ့ အစီအစဉ်ဖြစ်မှာပါ။ တခြားအရန် အစီအစဉ်ပါ ဆွဲထားပါ။

လက်ရှိဘယ်အခြေအနေမှာရှိလဲ

ဥပမာ။ ငါဟာအထိုင်များတယ်။အများဆုံးလုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းကတော့ အိမ်အလုပ်နဲ့ အိမ်အပြင်မှာရေလောင်းပေါင်းသင် တစ်ပတ်တစ်ခါ လုပ်တာပဲ။

ငါ့ရည်မှန်းချက်ဟာ

ဥပမာ။ တစ်ပတ်မှာလေးရက် နေ့လယ်စာစားချိန်မှာ ၁၅ မိနစ်လောက် လမ်းမြန်မြန်လျှောက်မယ်။ ထမင်းစားချိန်မှာတချိန်လုံးထိုင်စားနေစရာမှ မလိုတာပဲ။

ငါဘာတွေလိုအပ်လဲဆိုတော့

ဥပမာ။ လမ်းလျှောက်ဖိနပ်နဲ့ ခြေအိတ်တွေလိုတယ်။ ဒါမှ သက်တောင့်သက်သာလမ်းလျှောက်နိုင်မယ်။

အစီအစဉ်မှာမပါတာတွေ ကြုံလာရင်

ဥပမာ။ နေ့လယ်စာစားချိန်မှာ အစည်းအဝေးရှိနေတယ်။

ဒီလိုကြုံလာရင်ဘယ်လိုပြန်အစားထိုးမလဲ

ဥပမာ။ ညနေစာစားပြီးချိန်မှာခင်ပွန်း/ဇနီးဒါမှမဟုတ် သူငယ်ချင်းနဲ့ လမ်းလျှောက်မယ်။

ရည်မှန်းချက်အတွက် ဘယ်တော့စမလဲ

ဥပမာ။ နောက်တစ်ပတ် တနင်္လာမှာစမယ်။

ဘယ်အချိန်မှာဘယ်လိုဆုချမလဲ (အစားကိစ္စတော့ ရှောင်ရပါမယ်)

ဥပမာ။ နောက်လဆက်လုပ်နိုင်ရင် ရုပ်ရှင်သွားကြည့်မယ်

ပထမရည်မှန်းချက်တွေ အောင်မြင်သွားရင် နောက်ထပ်သတ်မှတ်ပါ

ဥပမာ။ နေ့လယ်စာစားချိန်မှာလမ်းလျှောက်တာကိုတစ်နေ့ မိနစ် ၂၀ဆီတိုးပြီး လျှောက်မယ်။ ပိတ်ရက်တွေမှာပုံမှန် မိနစ် ၂၀လမ်းလျှောက်မယ်။

ဘယ်လိုလုပ်ဖြစ်ခဲ့သလဲ

အချိန်ကြာလာတာနဲ့အမျှ သင့်ရည်မှန်းချက်တွေကို ပြန်ကြည့်ပြီးဘယ်လိုလုပ်ခဲ့တယ်ဆိုတာဆန်းစစ်ပါ။

  • သင်အောင်မြင်သလား
  • အရမ်းကြီးမျှော်လင့်ခဲ့မိသလား
  • အောင်မြင်မှုမရအောင် တခုခုဖြစ်ခဲ့သေးလား
  • တကယ်လို့ သင်မအောင်မြင်ရင် လက်မလျှော့ပါနဲ့
  • ရည်မှန်းချက်တွေ လက်တွေ့ကျအောင် ပြန်ဆန်းစစ်ပြီးထပ်မံကြိုးစားပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly