YBSယာဉ်လိုင်းနှစ်စီးနှင့် ဒိုင်နာတစ်စီး ရေကြောင်းသိပ္ပံရှေ့ ယာဉ်တိုက်မှုဖြစ် လူ(၄)ဦးဒဏ်ရာရ

YBSယာဉ်လိုင်းနှစ်စီးနှင့် ဒိုင်နာတစ်စီး ရေကြောင်းသိပ္ပံရှေ့ ယာဉ်တိုက်မှုဖြစ် လူ(၄)ဦးဒဏ်ရာရ
ဓာတ်ပုံ ကိုသူရိန်

ရန်ကုန်၊အောက်တိုဘာ၁၄ ။                 ။ ဝိုင်ဘီအက်စ်ယာဉ်လိုင်း (၂၀)၊ ယာဉ်လိုင်း(၈၅)တို့မှ ဘတ်စ်ကားနှစ်စီးနှင့် ကုန်တင်ဒိုင်နာယာဉ်တစ်စီးတို့ ယနေ့အောက်တိုဘာလ နေ့လည်(၁၂)နာရီခန့်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရေကြောင်းသိပ္ပံရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြသည်။

"ယာဉ်မောင်းကိုရဲစခန်းမှာအမှုဖွင့်ထားတယ်"ဟု YBSယာဉ်လိုင်း(၂၀)မှ တာဝန်ရှိသူ ဦးကျော်နိုင်ထွန်း ကပြောသည်။

"ဒဏ်ရာရတာတော့ (၄)ယောက်ရတယ်"ဟု ကမာရွတ်မြို့နယ် ယာဉ်ထိမ်းရုံးမှ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

လက်ရှိအချိန်တွင် ကမာရွတ်မြို့နယ်ရဲစခန်း၌ ယာဉ်မောင်းများကို အမှုဖွင့်ထားကြောင်း ယာဉ်ထိမ်းရုံးမှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြုပြောကြားသည်။

YBSနှစ်စီးတွင် ခရီးသည်များပါဝင်ပြီး ကုန်တင်ဒိုင်နာကားတွင် အလုပ်သမားအချို့ပါဝင်နေကြောင်းလည်း အဆိုပါယာဉ်ထိမ်းရုံးမှ တာဝန်ရှိသူက ပြောပြသည်။

YBS (၂၀)သည် သခင်မြပန်းခြံမှ တာမွေမြို့နယ်၊ ရွှေဂုံတိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ တစ်ဆင့် လှိုင်သာယာသို့ ပြေးဆွဲပေးနေသည့်ယာဉ်လိုင်းဖြစ်သည်။

YBS (၈၅)သည် တူးချောင်း၊ ဒဂုံဧရာအဝေးပြေး၊ မီးခွက်ဈေးတို့မှ ကြည့်မြင်တိုင်မြို့နယ်၊ မြေနီကုန်း တို့ကိုဖြတ်ကာ တာမွေမြို့နယ်၊ သာကေတမြို့နယ်တို့သို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required