ပန်းကံ့ကော် ဒိုင်ယာရီ ဂီတည ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည်

ပန်းကံ့ကော် ဒိုင်ယာရီ ဂီတည ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည်

 

ရန်ကုန် ၊ အောက်တိုဘာ ၁၄။             ။ ပန်းကံ့ကော် ဒိုင်ယာရီ ဂီတည ဟု အမည်ပေးထားသည့် ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ပြည့် အကြို ရန်ပုံငွေ ဖျော်ဖြေပွဲကြီးကို နိုဝင်ဘာ ၁၈ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ် သည်။

ထို တေးဂီတဖျော်ဖြေပွဲကို Show Director အဖြစ် ဒါရိုက်တာ သီတာလင်း (Laurel Art Academy) မှ တာဝန်ယူ ပြုလုပ်ခြင်း ဖြစ်ပြီး ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ပြည့် အကြို ရန်ပုံငွေ ဖျော်ဖြေပွဲ အဖြစ် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ပန်းကံ့ကော် ဒိုင်ယာရီ ဂီတည ဖျော်ဖြေပွဲတွင် အဆိုတော်များ အဖြစ် ကိုင်ဇာ ၊ ဇော်ပိုင် ၊ အောင်နိုင် ၊ ဖြိုးပြည့်စုံ ၊ အောင်ထက် ၊ စောလားထော်ဝါး ၊ ပိုင်မင်းဟိန်း ၊ ချိုပြုံး ၊ မေဆွိ ၊ မေခလာ ၊ ဟေမာနေဝင်း ၊ မီမီဝင်းဖေ ၊ နီနီခင်ဇော် ၊ ချမ်းချမ်း တို့မှ ပါဝင် ဖျော်ဖြေကြမည် ဖြစ်သည်။

ရန်ပုံငွေ ဖျော်ဖြေပွဲ တွင် ပါဝင် သီဆို ဖျော်ဖြေကြမည့် အဆိုတော်များ မှ တက္ကသိုလ်ကျောင်း နှင့် ပတ်သက် သည့် တေးသီချင်းများ ဖြင့် ဖျော်ဖြေကြမည် ဖြစ်ပြီး ပရိသတ်များ အနေဖြင့် အလွမ်းပြေ နားထောင်ရမည့် ဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly