ယူနက်စကို ခေါင်းဆောင်သစ် ရွေးချယ်

ယူနက်စကို ခေါင်းဆောင်သစ် ရွေးချယ်

 

အောက်တိုဘာ ၁၄ ။               ။ ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ ယူနက်စကိုရဲ့ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးချုပ်ဟောင်း အော်ဒရေး အက်ဇောလေး ကို အောက်တိုဘာ ၁၃ ရက်က မဲပေးရွေးချယ်လိုက်ပါတယ်။

ပင်လယ်ကွေ့အရေးတင်းမာမှု၊ အစ္စရေးအပေါ် ဆန့်ကျင်ဘက်လိုက်ထားခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ကြုံတွေ့နေရတဲ့ ကုလအေဂျင်စီရဲ့ ဦးဆောင်သူနေရာအတွက် အော်ဒရေးက သူမရဲ့ ပြိုင်ဘက် ကာတာယဉ်ကျေးမှုဝန်ကြီး ဟာမက် ဘင် အဗ္ဘဒူလာဇစ် အယ်လ်ကာဝါရီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယခု ယူနက်စကို ခေါင်းဆောင်သစ်အဖြစ် မဲပေးရွေးချယ်မှုမှာတော့ ပြင်သစ်ဝန်ကြီးဟောင်း အော်ဒရေးဟာ မဲရလဒ် ၃၀၊၂၈ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မကြာမီ နှုတ်ထွက်တော့မယ့် ယူနက်စကို လက်ရှိခေါင်းဆောင် အိုင်ရင်နာ ဘိုကိုဗာ နေရာမှာ အစားဝင်ဖို့ ယခု ရွေးချယ်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းမတိုင်ခင်ကတော့ ယင်းကုလအေဂျင်စီကနေ အမေရိကန်နဲ့ အစ္စရေးတို့ နှုတ်ထွက်မယ်ဆိုတဲ့ အရေးနဲ့ ကြုံတွေ့ထားခဲ့ရပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံထားရပြီ ဖြစ်တဲ့ အော်ဒရေးအနေနဲ့ကတော့ လာမယ့်နိုဝင်ဘာလ သူမတာဝန်စတင်ထမ်းဆောင်တဲ့အချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ အဖွဲ့ထဲမှာ ဆက်ရှိရေးအတွက် ပထမဦးစားပေးကိစ္စအဖြစ် ကြိုးပမ်းသွားရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly