ကိုရီးယားကို အလည်အပတ်သွားသူ အများဆုံးဟု O Way ထုတ်ပြန်

ကိုရီးယားကို အလည်အပတ်သွားသူ အများဆုံးဟု O Way ထုတ်ပြန်

ရန်ကုန်၊အောက်တိုဘာ၁၄ ။             ။ ပြည်ပအလည်အပတ်ခရီးသွားမှုများတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်ကြသည်မှာ များပြားပြီး လက်မှတ်အားလုံးနီးပါး ယမန်နှစ်က ရောင်းချခဲ့ရကြောင်း O Way ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ စီနီယာဒါရိုက်တာ ဦးသက်နိုင်ဝင်းက ပြောသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့၌ စတင်တည်ထောင်ခဲ့သော O Way ကုမ္ပဏီ၏ (၅)နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ယနေ့အောက်တိုဘာလ(၁၄)ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး အဆိုပါပွဲ၌ ပြောခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်တွင် လက်မှတ်ကုန်လုနီးပါး ရောင်းချနိုင်ခဲ့ရသည့် ကိုရီးယားခရီးစဉ်ကို ယခုနှစ်၂၀၁၇ ၌ O Way (၅)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အရောင်းမြှင့်တင်မှု အဓိကထားလုပ်ဆောင်ထားသည်။

"တော်တော်လေးပေါ်ပြုလာဖြစ်တာက ကိုရီးယား၊ မြန်မာနိုင်ငံမှာကိုရီးယားကားတွေခေတ်စားတယ်၊ ကိုရီးယားအနုပညာတွေဆိုရင်လည်း လူငယ်တွေက ခုံခုံမင်မင်ဖြစ်ကြတယ်၊ ကိုရီးယားက လာလုပ်တဲ့ပွဲတွေဆိုရင်လည်း လူပြည့်အားပေးတာမျိုး တွေ့ရတယ်ပေါ့နော်။ အဲဒါတွေနဲ့ဆက်နွယ်ပြီးတော့ O Wayကလည်း အရင်တုန်းက Concepts(ဖျော်ဖြေပွဲ)တွေလည်းလုပ်ဖူးတယ်။ Partner(တွဲဘက်)တွေလုပ်ဖူးတော့ ကိုရီးယားTourကို ဒီနှစ်မှာတော်တော်လေး Promote(အရောင်းမြှင့်တင်မှု)လုပ်တယ်"ဟု ဦးသက်နိုင်ဝင်းက ဆိုသည်။

ကိုရီးယားခရီးစဉ်၌ အထင်ကရနေရာများကို အလည်အပတ်ပို့ဆောင်ပေးခြင်း၊ ရိုးရာများလေ့လာခြင်း၊ အစားအသောက်မြည်းစမ်းနိုင်ခြင်းတို့ကို ခရီးသွားဧည့်လမ်းညွှန်ဖြင့် ပို့ဆောင်ပေးသည်များ ပါဝင်မည်ဖြစ်သည်။

၎င်းဝန်ဆောင်မှုအတွက် ဈေးနူန်းဒေါ်လာတစ်ထောင်ကျော် ကျသင့်မည်ဖြစ်ကြောင်းလည်း ဦးသက်နိုင်ဝင်း ကဆိုသည်။

အဆိုပါ ကိုရီးယားခရီးစဉ်နှင့်ပတ်သက်၍ ယခုပရိုမိုးရှင်းကာလ အောက်တိုဘာလ (၁၄)ရက်မှ (၁၅)ရက် အတွင်း၌ အမေရိကန်ဒေါ်လာ(၆၀)လျော့ချ ရောင်းပေးထားသည်ဟု ဆိုသည်။

O Way ကုမ္ပဏီတွင် O Way Rideဆိုသည့် တက္ကစီမီတာဝန်ဆောင်မှုနှင့် O Way ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required