ရီးယဲလ်နည်းပြတစ်ယောက်အနေဖြင့် ဘာစီလိုနာနည်းပြအလုပ်ကို စိတ်မဝင်စားဟု ဇီဒန်းဆို

ရီးယဲလ်နည်းပြတစ်ယောက်အနေဖြင့် ဘာစီလိုနာနည်းပြအလုပ်ကို စိတ်မဝင်စားဟု ဇီဒန်းဆို

 

အောက်တိုဘာ ၁၄၊ မက်ဒရစ်။                ။ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ၎င်းအနေဖြင့် ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ်ရှိနေစဉ်ကာလတစ်လျှောက်လုံး ဘာစီလိုနာနည်းပြရာထူးကို စိတ်မဝင်စားဟုပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားဟောင်း ဇီဒန်းမှာ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြရာထူးကို ၂၀၁၆၊ ဇန်နဝါရီလက နည်းပြ ဘင်နီတက်ဇ်ထံမှ လွှဲပြောင်းရယူခဲ့သည်။

ဇီဒန်းမှာယနေ့ညတွင်ကစားမည့် ဂီတာဖေးအသင်းနှင့်ပွဲတွင် ရီးယဲလ်နည်းပြဘဝ ပြိုင်ပွဲစုံပွဲ ၁၀၀ ပြည့်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ကျွန်တော့်ရဲ့အဖြူရောင်နှလုံးသားတစ်စုံရထားတယ်။ ဒါကို ဘယ်တော့မှမပြောင်းလဲဘူး။ လူတွေက မေးကြတယ်။ တစ်ခြားမသွားဘူးလားတဲ့။ ကျွန်တော်ပြန်ဖြေတယ်။ ဘယ်မှမသွားဘူး။ ကျွန်တော်ဒီမှာရှိနေမယ်။ ဟု ဇီဒန်းကပြောသည်။

ဇီဒန်းမှာ ကစားသမားဘဝက ရီးယဲလ်မက်ဒရစ်အသင်းတွင် ၂၀၀၁ မှ ၂၀၀၆ ဘောလုံးရာသီအထိကစားခဲ့ပြီး ၁၅၅ပွဲတွင် ၃၇ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်သည်။ ယခုနှစ်ဘောလုံးရာသီအစတွင် ရီးယဲလ်မက်ဒရစ်အသင်းရလဒ်များဆိုးရွားခဲ့သဖြင့် ဇီဒန်းနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ခဲ့သေးသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required