ပြည်နယ်သမိုင်းတွင် အဆိုးဆုံး ကယ်လီဖိုးနီးယားတောမီး၌ သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်လာ

ပြည်နယ်သမိုင်းတွင် အဆိုးဆုံး ကယ်လီဖိုးနီးယားတောမီး၌ သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်လာ

 

ကယ်လီဖိုးနီးယား၊ အောက်တိုဘာ ၁၄ ။              ။ ကယ်လီဖိုးနီးယားတွင် လောင်ကျွမ်းနေသော တောမီးသည် ပြည်နယ်သမိုင်းတွင် အဆိုးဆုံးအဖြစ် ဆက်တိုက်လောင်ကျွမ်းနေကာ သေဆုံးသူများအား ရှာဖွေနေသည့် အဖွဲ့များက လူသေလောင်းရှာ ခွေးများအသုံးပြုပြီး အလောင်းကောက်ခြင်း လုပ်ဆောင်ရာ သေဆုံးသူဦးရေက ၃၁ ဦးအထိ ရှိလာခဲ့သည်။

အောက်တိုဘာ ၈ ရက်က စတင်လောင်ကျွမ်းသော တောမီးသည် ဝိုင်ထုတ်လုပ်မှု၌ နာမည်ကျော်သည့် ကယ်လီးဖိုးနီးယား ပြည်နယ်အနှံ့ ပျံ့နှံ့လောင်ကျွမ်းနေရာ ပြည်သူထောင်ပေါင်းများစွာ အိုးအိမ်မဲဖြစ်ရပြီး မြေဧကပေါင်း ၁၉၀၀၀၀ ဧကကျော် မီးလောင်ကျွမ်းသည်။

မီးလောင်ကွက် ၂၀ တွင် မီးသတ်သမား အင်အား ၈၀၀၀ ဖြင့် မီးငြှိမ်းသတ်ရေး ကြိုးစားနေရာတွင် အောက်တိုဘာ ၁၂ ရက်က လေထန်ခြင်းကြောင့် မီးကို ပိုမိုအားကောင်းသွားစေခဲ့သည်။

“မီးက ဟိုသည် ကူးစက်လောင်ကျွမ်းနေဦးတော့မှာပဲ။ ဘယ်နေရာ ဘယ်အရပ်မဆို ကူးစက်သွားနိုင်တယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ကယ်လီဖိုးနီးယား မီးသတ်ဌာန အကြီးအကဲ ကင်ပင်လော့ခ်က ပြောခဲ့သည်။

“ဒီသဘာဝဘေးကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ အချိန်ယူရဦးမည်။”ဟု ၎င်းက ဆိုသည်။

ယခု မီးဘေးတွင် လူပေါင်း ၃၁ ဦး သေဆုံးကြောင်း အောက်တိုဘာ ၁၂ ရက်က ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက ထုတ်ပြန်ပြီး အဆိုးဆုံး မီးဘေးကြုံရာ ဆိုနိုမာ စီရင်စုမှ စီရင်စုရုံးအကြီးအကဲ ရော့ဘ်ဂျီယိုဒါနိုက ၎င်းတို့ စီရင်စုရုံးသို့ လူပျောက်တိုင်ကြားမှုများအရ ပျောက်ဆုံးနေသူပေါင်း ၁၁၀၀ နီးပါး ရှိထားသည်ကို သိရကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly