လာမယ့် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ မာရှယ်ယာနို ထွက်ခွာသွားဖွယ်ရှိ

လာမယ့် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ မာရှယ်ယာနို ထွက်ခွာသွားဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာကွင်းလယ်ကစားသမား မာရှယ်ယာနိုဟာ လာမယ့်နှစ် နွေရာသီမှာ အသင်းမှ ထွက်ခွာဖွယ်ရှိပြီး ဒီရာသီဟာ ဘာစီလိုနာမှာ သူ့ရဲ့ နောက်ဆုံးရာသီဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မာရှယ်ယာနိုဟာ ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှာ အာဂျင်တီးနာလက်ရွေးစင်အသင်းမှ အနားတော့မယ်လို့လည်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။

“ကျနော် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အခုရာသီ ကုန်ဆုံးချိန်မှာ ကျနော်တို့ ပြီးမြောက်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဘာစီလိုနာမှာ သူတို့ဟာ ကျနော်နဲ့အတူ ပျော်ရွင်တယ်လို့ သူတို့ အမြဲ ပြောပါတယ်။ အနာဂတ်နဲ့ ပတ်သက်လို့ ဒါကို ကျနော် ပြန်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။”လို့ မာရှယ်ယာနိုက TyC Sports ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၉ ဇွန်လမှာ ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မာရှယ်ယာနိုဟာ ဒီရာသီ ဘာစီလိုနာအတွက် (၅)ပွဲသာ ကစားထားပါတယ်။

Diario SPORT ရဲ့ သတင်းဖော်ပြချက်အရ ကွင်းလယ်လူ/နောက်ခံလူဟာ ပွဲပိုမို ကစားရန် လိုလားနေတယ်လို့ ပြောပါတယ်။ လီဗာပူးလ်ကစားသမားဟောင်းဟာ ဘာစီလိုနာမှာ ၈ နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် အခုချိန်မှာ နောက်ခံလူ အွန်တီတီရဲ့ အရန်ကစားသမားအဖြစ် ထားရှိခံနေရပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required