အမေရိကန်တွင် ကျန်းမာရေးအာမခံ ကုမ္ပဏီများအတွက် စရိတ်မျှပေး ထောက်ပံ့ကြေးများ အဆုံးသတ်

အမေရိကန်တွင် ကျန်းမာရေးအာမခံ ကုမ္ပဏီများအတွက် စရိတ်မျှပေး ထောက်ပံ့ကြေးများ အဆုံးသတ်

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ။          ။ အမေရိကန်အစိုးရက လက်ရှိကျန်းမာရေးဥပဒေတွင် အကျုံးဝင်နေသေးသော ကျန်းမာရေးအာမခံကုမ္ပဏီများအတွက် စရိတ်မျှပေးထောက်ပံ့ကြေးများကို အဆုံးသတ်ရန် ဆုံးဖြတ်ကြောင်း အောက်တိုဘာ ၁၂ ရက်က ကြေညာသည်။

ကျန်းမာရေးအာမခံဈေးကွက်အတွက် တုံ့ဆိုင်းမှုကို ဖြစ်ပေါ်စေသော ယင်းဆုံးဖြတ်ချက်သည် ဝင်ငွေနည်းပြည်သူများ၏ စရိတ်စကကို ရန်ပုံငွေစိုက်ထူသော ထောက်ပံ့ကြေးများကို အဆုံးသတ်ပစ်ခြင်း ဖြစ်သည်။

"အစိုးရအနေနဲ့ စရိတ်မျှပေးထောက်ပံ့ကြေးတွေကို ဥပဒေနဲ့အညီ ပေးနိုင်မှာ မဟုတ်ဘူး။"ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။

ယခင်သမ္မတဟောင်း အိုဘားမား၏ ကျန်းမာရေးဥပဒေကို ဖျက်သိမ်းရန် သမ္မတဒေါ်နယ်ထရမ့်က အထူးအမိန့်တစ်ရပ်အား လက်မှတ်ထိုးပြီးနောက် ယခုကဲ့သို့ စရိတ်မျှပေးထောက်ပံ့ကြေးများကို အဆုံးသတ်လာခြင်း ဖြစ်သည်။

သမ္မတထရမ့်အနေဖြင့် အိုဘားမား၏ ကျန်းမာရေးဥပဒေအား ပြုပြင်ပြောင်းလဲရေး ကွန်ဂရက်လွှတ်တော်တွင် ရီပတ်ဘရီကန်များ ဆက်တိုက်အရေးနိမ့်ပြီးနောက် ယခုကဲ့သို့ အထူးအမိန့်အား လက်မှတ်ထိုး ထုတ်ပြန်ရခြင်း ဖြစ်သည်။

ထရမ့်၏ ရွေးကောက်ပွဲကတိတစ်ရပ်မှာ အိုဘားမားကဲယား ကျန်းမာရေးဥပဒေအား ပြင်ဆင်အစားထိုးရေးဖြစ်သော်လည်း လွှတ်တော်နှစ်ရပ်စလုံးတွင် ရီပတ်ဘရီကန်များ အများစု ထိန်းချုပ်ထားလင့်ကစား ကျန်းမာရေးစောင့်ရှောက်မှုဥပဒေသစ် ပြဌာန်းနိုင်အောင် လွှတ်တော်တွင် သဘောတူညီမှုမရဘဲ ပြဌာန်းနိုင်ခြင်း မရှိ ဖြစ်နေရခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly