ဖိလစ်ပိုင်အနီး ရေပြင်မှာ ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင်အနီး ရေပြင်မှာ ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေ

အောက်တိုဘာ ၁၃ ။                  ။ ဖိလစ်ပိုင်နိုင်ငံအပြင်ဘက် ပစိဖိတ်သမုဒ္ဒရာရေပြင်မှာ အောက်တိုဘာ ၁၃ ရက် အစောပိုင်းက အိန္ဒိယ ရေယာဉ်အမှုထမ်းတွေလိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ပြီး ယခုအခါ သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

တန်ချိန် ၃၃,၂၀၅ ရှိ Emerald Star ကုန်တင်သင်္ဘောမှာတော့ အိန္ဒိယနိုင်ငံသား ရေယာဉ်အမှုထမ်း ၂၆ ဦးထိ လိုက်ပါလာခဲ့ပြီး ယခုလို နစ်မြုပ်မှု နဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယင်းသင်္ဘောဟာ ဟောင်ကောင် မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စင်း ဖြစ်ပြီး ဖိလစ်ပိုင် မြောက်ပိုင်းစွန်းရဲ့ အရှေ့ဘက် ၁၇၄ မိုင်အကွာ ရေပြင်မှာ ခုတ်မောင်းနေခဲ့ရင်း ယခုလို နစ်မြုပ်သွားတာဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ယင်း ကုန်တင်သင်္ဘောနစ်မြုပ်မှုဖြစ်စဉ်မှာတော့ အနီးအနားမှာ ခုတ်မောင်းသွားလာနေခဲ့ကြတဲ့ အခြား ရေယာဉ်သုံးစင်းက သွားရောက်ကယ်ဆယ်ခဲ့ရာမှာတော့ သင်္ဘောသား ၁၅ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး ကျန် ၁၁ ဦး ပျောက်ဆုံးနေတာဖြစ်ပါတယ်။

သင်္ဘောကတော့ လုံ့၀ နစ်မြုပ်သွားခဲ့ပြီ ဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

"အခင်းဖြစ်တဲ့နေရာကို ကင်းလှည့်ရေယာဉ်နှစ်စင်းနဲ့ လေယာဉ်သုံးစင်း ကျွန်တော်တို့ လွှတ်ခဲ့ပါတယ်၊ ဒါပေမယ့် တိုင်ဖုန်းမုန်တိုင်းတစ်ခုကလည်း ရှိနေတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ   နှောင့်နှေးနေခဲ့ရပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags