Kingsman: The Golden Circle ရုပ်ရှင်ကားကို ကမ္ဘောဒီးယား၌ ပြသခွင့်ပိတ်ပင်

Kingsman: The Golden Circle ရုပ်ရှင်ကားကို ကမ္ဘောဒီးယား၌ ပြသခွင့်ပိတ်ပင်

 

ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား Kingsman: The Golden Circle ထဲ၌ ၎င်းတို့၏နိုင်ငံအပေါ် အပျက်သဘော ဆောင်သည့်ပုံစံဖြင့် ပုံဖော်ထားသောပြကွက်များ ပါဝင်သည့်အတွက် ပြသခွင့်ပိတ်ပင်ကြောင်း ကမ္ဘောဒီးယား နိုင်ငံက ကြေညာခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကို လွန်ခဲ့သောအပတ်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့သော Kingsman: The Golden Circle သည် ကမ္ဘောဒီးယားပြည်သူများ ကြည့်ရှုရန်မသင့်တော်ကြောင်း အာဏာပိုင်များက ဆိုခဲ့ သည်။

အဆိုပါရုပ်ရှင်ထဲ၌ ကမ္ဘောဒီးယားနိုင်ငံသည် အကြမ်းဖက်သမားများ နေထိုင်ရာနေရာဖြစ်ပြီး ကမ္ဘာကြီးကို အနှောင့်အယှက်ပေးနေသောနေရာအဖြစ် အသုံးချပုံဖော်ထားကြောင်း အာဏာပိုင်များက ဆိုခဲ့သည်။

“ကျနော်တို့ဒီရုပ်ရှင်ကို အကဲဖြတ်ပြီးတဲ့နောက်မှာ ပြသနာတချို့ကို ရှာတွေ့ခဲ့ပါတယ်” ဟု ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနမှ ဘော့ခ်ဘိုရက်ခ်က ပြောကြားခဲ့ပြီး ထိုပြောဆိုချက်ကို ဖနွမ်းပင်ပို့စ်သတင်းစာ၌ ဖော်ပြခဲ့သည်။

သို့သော်လည်း ကမ္ဘောဒီးယားမှ ရုပ်ရှင်ဖြန့်ချီရေးကုမ္ပဏီက အဆိုပါဆုံးဖြတ်ချက်သည် ကလေးဆန်ကြောင်း ပြက်ရယ်ပြုခဲ့သည်။

ပြီးခဲ့သောလကတည်းက ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသခဲ့သည့် Kingsman: The Secret Service ရုပ်ရှင်သည် လက်ရှိအချိန်တွင် ရုံဝင်ငွေ သန်း ၂၆၀ ကျော်ခန့် ရရှိထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly