ကိုဆွေဝင်းရရှိထားသည့် အာမခံပယ်ဖျက်ပေးရေး လျှောက်လဲချက် အောက်တိုဘာ(၂၇)တွင် အမိန့်ချမည်

ကိုဆွေဝင်းရရှိထားသည့် အာမခံပယ်ဖျက်ပေးရေး လျှောက်လဲချက် အောက်တိုဘာ(၂၇)တွင် အမိန့်ချမည်

အောက်တိုဘာ ၁၃ ။         ။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား အာမခံပေးထားမှုှုကို တစ်ဖက်မှ ကျေနပ်မှုမရှိသဖြင့် မန္တလေးခရိုင်တရားရုံးသို့ တက်ခဲ့ပြီးနောက် ယင်းကိစ္စကို အောက်တိုဘာ ၂၇ ရက်တွင် အမိန့်ချမည်ဟု မန္တလေးခရိုင် တရားရုံးက ယနေ့ အတည်ပြုပေးခဲ့သည်။

'' ဒီနေ့ နှစ်ဖက် လျှောက်လဲချက် ကြားနားတယ်၊ တစ်ဖက်က နှုတ်နဲ့မပြောဘူး။ စာတင်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့ဖက်ကလဲ လျှောက်လဲချက်ကို စာပဲ တင်ခဲ့ပါတယ်၊ အာမခံ ပေးထားမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ(၂၇)ရက်နေ့ ခရိုင်တရားရုံးမှာ အမိန့်ချမှာဖြစ်ပါတယ် '' ဟု ကိုဆွေဝင်း၏ တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းစိုးက ပြောသည်။

ကိုဆွေဝင်းသည် ၎င်းအသုံးပြုသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဆရာတော်ဦးဝီရသူ နှင့် ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ခြင်းအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဦးကျော်မျိုးရွှေဆိုသူက မတ်လ(၇)ရက်တွင် အမှုဖွင့်ခဲ့သည်။

အမှုဖွင့်ချက်အရ (၂၀၁၇)ခုနှစ် ဇူလိုင်(၃၀)ရက်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး မဟာအောင်မြေတရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ကိုဆွေဝင်းကို ဘော်ဒိုးဖိုင် (ယာယီအမှုတွဲ)ရှိသော မန္တလေးမြို့ ကမ်းနားလမ်း အောက်လမ်းရှိ မဟာအောင်မြေမြို့နယ် တရားရုံးသို့ အောက်တိုဘာလ(၁၆)ရက် တွင် လာရောက်ရန်လည်း ထပ်မံချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly