ဗီယက်နမ် ရေကြီးမှု သေဆုံးသူ ၅၄ ဦးထိ မြင့်တက်

ဗီယက်နမ် ရေကြီးမှု သေဆုံးသူ ၅၄ ဦးထိ မြင့်တက်

 

အောက်တိုဘာ ၁၃ ။                       ။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ကြုံတွေ့နေရတဲ့ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုဖြစ်စဉ်တွေအတွင်း သေဆုံးသူ ဦးရေဟာ ယခုဆိုရင် ၅၄ ဦး ထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။

ယခု ရေကြီးမြေပြိုမှုတွေကတော့ နှစ်ပေါင်းများစွာအတွင်း နိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူအသေအပျောက်အများဆုံးသော သဘာဝဘေးဒုက္ခတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း ယင်းနိုင်ငံရဲ့ ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေလွှမ်းမိုးမှုတွေအတွင်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူပေါင်း ၃၉ ဦးကိုလည်း ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေရလျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံမှာ နောက်ထပ် မုန်တိုင်းကြီးတစ်ခု ထပ်မံကြုံတွေ့လာနိုင်စရာ ရှိကြောင်း ခန့်မှန်းသတိပေးချက်တွေ ထွက်ရှိနေလျက်ရှိပါတယ်။

ယခု သီတင်းပတ် သဘာဝဘေးဒုက္ခဆိုးတွေကတော့ ယင်းနိုင်ငံမှာ အိမ်ယာအဆောက်အအုံထောင်နဲ့ချီ ပျက်စီးစေခဲ့ပြီး လယ်ယာမြေ ဧကပေါင်းများစွာကို ဆုံးရှုံးထားစေခဲ့ပြီ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly