မက်ဆီကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် နူးကမ့်ကွင်းနာမည်ကို ဘာစီလိုနာရောင်းချမည်

မက်ဆီကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် နူးကမ့်ကွင်းနာမည်ကို ဘာစီလိုနာရောင်းချမည်

အောက်တိုဘာ ၁၃၊ စပိန် ။            ။ ဘာစီလိုနာအသင်းသည် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အပြင်းအထန်ကြိုးပမ်းလျက် ရှိသည်။

ဘာစီလိုနာအသင်းဘက်က မက်ဆီကို တစ်ပတ်လစာငွေ ပေါင် ၅ သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီး စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါက အပိုဆုကြေးအဖြစ် ပေါင်သန်း ၈၀ ပေးချေဦးမည် ဖြစ်သည်။ အဆိုပါအပိုဆုကြေးမှာ ဘောလုံးလောကတွင် အများဆုံးအပိုဆုကြေးလည်း ဖြစ်လာမည် ဖြစ်သည်။

ဘာစီလိုနာအသင်းက မက်ဆီကို ထိန်းသိမ်းထားနိုင်ဖို့ ငွေကြေးအမြောက်အမြားအသုံးပြုရန် ရည်ရွယ်ထားပြီး ထို့အတွက် လိုအပ်လာပါက နူးကမ့်ကွင်းအမည်ကို   ရောင်းချမည်   ဖြစ်သည်။   နူးကမ့်ကွင်းနာမည်ကို ၂၅ နှစ်အသုံးပြုခွင့်အဖြစ် ပေါင် ၁၇၉ သန်းဖြင့် ရောင်းချမည် ဖြစ်သည်။

မက်ဆီအားထိုကဲ့သို့ စာချုပ်သစ်ချုပ်ဆိုလိုက်ပါက ဘာစီလိုနာအသင်း၏လစာငွေမှာ ဝင်ငွေ၏ ၈၄ ရာခိုင်နှုန်း(ပေါင်သန်း ၄၃၀ အထိ)မြင့်တက်သွားမည် ဖြစ်သည်။

မက်ဆီမှာ ယခုအချိန်အထိ စာချုပ်သက်တမ်းတိုးရန် အတည်ပြုခြင်းမရှိသေးသော်လည်း မကြာမီအချိန်အတွင်း ကြေညာနိုင်မည်ဟု ဘာစီလိုနာအသင်းဘက်က မျှော်လင့်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်ေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly