နတ်ရွာစံဘုရင်ကြီး ဘူမိဘောကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန် ပြင်ဆင်နေကြသည့် ထိုင်းနိုင်ငံသားများ

နတ်ရွာစံဘုရင်ကြီး ဘူမိဘောကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန် ပြင်ဆင်နေကြသည့် ထိုင်းနိုင်ငံသားများ

 

အောက်တိုဘာ ၁၃ ။             ။ နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်ဂျ် ရဲ့ ဈာပနပွဲ အခမ်းအနားကို ယခုလထဲမှာ ကျင်းပသွားတော့မှာဖြစ်ပြီး ယခုအချိန်မှာ ဝမ်းနည်းညှိုးငယ်နေကြတဲ့ ထိုင်းနိုင်ငံသားတို့အနေနဲ့ သူတို့ရဲ့ ချစ်မြတ်နိုးလှတဲ့ ဘုရင်ကြီးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ဘုရင်ကြီး ဘူမိဘော နတ်ရွာစံခြင်း တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၃ ရက်မှာတော့ နိုင်ငံတစ်ဝှမ်း သံဃာတော်များကို လှူဖွယ်ပစ္စည်းဆပ်ကပ်ခြင်း၊ ဆုတောင်းဂါရဝပြခြင်း အခမ်းအနားတွေကို ကျင်းပနေလျက်ရှိပါတယ်။

ထိုင်းနိုင်ငံသားအားလုံးတို့ရဲ့ ဖခင်ကြီး သဖွယ် ချစ်မြတ်နိုးခြင်းခံခဲ့ရတဲ့ ဘုရင်ကြီး ဘူမိဘောဟာ သူ့ရဲ့ သမိုင်းဝင် အနှစ် ၇၀ ထီးနန်းသက်တမ်းအတွင်း နိုင်ငံကို လေးနက်မှုအပြည့်နှင့် လွှမ်းခြုံအုပ်မိုးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ယင်းနိုင်ငံတစ်ဝန်း ပူဆွေးဝမ်းနည်းမှု မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပြီး နိုင်ငံသားအများစုကတော့ တစ်နှစ်လုံး အနက်ရောင်အဝတ်တွေသာ ဝတ်ဆင်ကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

ယင်းနိုင်ငံသားတို့ရဲ့ ညှိုးငယ်ဝမ်းနည်းမှု စိတ်ခံစားချက်တွေဟာ ယခု အောက်တိုဘာလမှာ ပိုမိုနက်ရှိုင်းလာနေခဲ့ပြီး ယခုလနှောင်းပိုင်းမှာ ငါးရက်တာ ကျင်းပမယ့် ဘုရင်ကြီးရဲ့ ရုပ်အလောင်းတော်ကို ဖုတ်သွင်းမီးသဂြိုဟ်မယ့် အစီအစဉ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာတော့ အနက်ရောင်ဝတ် ထိုင်းနိုင်ငံသားတွေဟာ ဘုရားကျောင်းတော်တွေမှာ စုရုံး ဆုတောင်းဂါရ၀ ပြုပွဲတွေ ပြုလုပ်ခဲ့ကြသလို ဘုရင်ကြီးနတ်ရွာလားခဲ့တဲ့ ဘန်ကောက်ဆေးရုံရှိရာ ဝင်းအတွင်းမှာလည်း သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly