ဟယ်ရီကိန်းကို ရီးယဲလ်နှင့် အပြိုင်ခေါ်ယူရန် မန်ယူအဆင်သင့်ရှိနေ

ဟယ်ရီကိန်းကို ရီးယဲလ်နှင့် အပြိုင်ခေါ်ယူရန် မန်ယူအဆင်သင့်ရှိနေ

အောက်တိုဘာ ၁၃၊ အင်္ဂလန် ။         ။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေးပေါင်သန်း ၁၇၀ ဖြင့် ရီးယဲလ်နှင့်အပြိုင်ခေါ်ယူရန် မန်ယူအသင်းက အဆင်သင့်ရှိနေသည်။

မန်ယူအသင်းသည် လာမည့်နှစ်အပြောင်းအရွှေ့တွင် စပါးတိုက်စစ်မှူးကို နံပါတ်တစ်ပြစ်မှတ်အဖြစ် ခေါ်ယူရန် ပြစ်မှတ်ထားနေခြင်း ဖြစ်သည်။

ဟယ်ရီကိန်းသည် ယခုနှစ်ရာသီတွင် စပါးအသင်းနှင့် အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၁၃ ပွဲကစားခဲ့ရာတွင် ၁၅ ဂိုးသွင်းယူ ထားနိုင်သူ ဖြစ်သည်။ သူ၏ငယ်မွေးခြံပေါက်ကလပ် စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂၀ ကစားထားရာတွင်လည်း ၈၄ ဂိုးအထိသွင်းယူထားနိုင်သူ ဖြစ်သည်။

မန်ယူနည်းပြမော်ရင်ဟိုသည် ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ် အနားယူသွားခဲ့ပါက ဟယ်ရီကိန်းဖြင့် အစားထိုးရန် ကြံရွယ်နေခြင်းဟု TheSun သတင်းစာက ဆိုသည်။

ဟယ်ရီကိန်းမှာ လက်ရှိတွင် စပါးအသင်းနှင့် အင်္ဂလန်အသင်းတို့အတွက် မရှိမဖြစ် တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြလျက်ရှိသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags