ဘောလုံးပြန်ကစားရန် အဆင်သင့်ဖြစ်နေပြီဟု အဂူရိုပြော

ဘောလုံးပြန်ကစားရန် အဆင်သင့်ဖြစ်နေပြီဟု အဂူရိုပြော

 

အောက်တိုဘာ ၁၃၊ အင်္ဂလန်  ။                           ။ အမ်စတာဒမ်တွင် ကားမတော်တဆမှု ဖြစ်ပွားခဲ့သည့် မန်စီးတီးတိုက်စစ်မှူးအဂူရိုသည် ပြီးခဲ့သည့် ကြာသပတေးနေ့က အသင်းတွင်   လေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီးနောက် ဘောလုံးပြန်ကစားရန် အသင့်ဖြစ်နေပြီဟု ပြောဆိုလိုက်သည်။

အဂူရိုသည် နယ်သာလန်နိုင်ငံတွင် ရှိုးပွဲမှအပြန် ဓာတ်တိုင်ကိုကားဖြင့် ဝင်တိုက်မိခဲ့ပြီး နံရိုးကျိုးခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတစ်လခန့်အနားယူရမည်ဟု ဆရာဝန်များက မှတ်ချက်ပေးခဲ့သော်လည်း ဒဏ်ရာမှာ အလျင်အမြန် ပြန်လည်ကောင်းမွန်ခဲ့သည်။

အဂူရိုက “I’m ready” ဟု စာရေးသားကာ လေ့ကျင့်ခန်းဆင်းနေသည့်ပုံများကို လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

“စနေနေ့မှာ ကျွန်တော်ကစားရမလားဆိုတာတော့ မသိသေးပါဘူး။ ပုံမှန်အတိုင်းတော့ လေ့ကျင့်ခန်းပြန်လုပ်နိုင်ပါပြီ။ ဒါပေမဲ့ အသင်းနဲ့အတူ လေ့ကျင့်ခဲ့ရတာတော့ မဟုတ်ပါဘူး” ဟု အဂူရိုက ပြောဆိုခဲ့သည်။

ကားမတော်တဆမှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိခဲ့သော်လည်း အဂူရိုက “အဆိုတော်၏အေးဂျင့်ဖြစ်သူက ဖိတ်ကြားခဲ့သောကြောင့် သွားခဲ့ခြင်းဖြစ်ပြီး ဒါမျိုးက အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်” ဟု သာ ဖြေကြားသွားခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly