ဇန်နဝါရီတွင် ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ အသင်းကထွက်ခွာသွားနိုင်ဟု အာစင်ဝင်းဂါး ၀န်ခံ

ဇန်နဝါရီတွင် ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ အသင်းကထွက်ခွာသွားနိုင်ဟု အာစင်ဝင်းဂါး ၀န်ခံ

အောက်တိုဘာ ၁၂၊ အင်္ဂလန် ။         ။ စာချုပ်သက်တမ်းတိုးရန် သဘောတူညီခြင်းမရှိပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ အသင်းက ထွက်ခွာသွားနိုင်သည်ဟု အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ဝန်ခံလိုက်သည်။

ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့သည် ယခုနှစ်ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် စာချုပ်သစ်အတွက် သဘောတူညီမှုရရန်လိုအပ်လျက်ရှိသည်။

အိုဇေးလ်၏အေးဂျင့်ကမူ သူ၏ ကစားသမားမှာ ပရီးမီးယားလိဂ်တွင် ၂ နှစ်၊ ၃ နှစ်ခန့် ထပ်မံကစားလိုသေးကြောင်းနှင့် အာဆင်နယ်နှင့်ဆွေးနွေးမှုမှာ ကောင်းမွန်ကြောင်းဆိုထားသည်။

“အိုဇေးလ်အသင်းမှာ ဆက်နေချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ သဘောတူညီမှု မရခဲ့ပေမယ့် ဒါက အိုဇေးလ်အသင်းကနေထွက်ခွာတော့မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

ကစားသမား ၂ ယောက်စလုံးက ဒီမှာ ပျော်ပါတယ်။ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ်တော့ ဘာကိုမှ ကြေညာဖို့ နီးစပ်မှုမရှိသေးပါဘူး” ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly