ကက်တလန်ခွဲထွက်ရေးကြိုးပမ်းမှု ရှိနေချိန် နိုင်ငံလုံးဆိုင်ရာ အမျိုးသားနေ့ စပိန် ကျင်းပ

ကက်တလန်ခွဲထွက်ရေးကြိုးပမ်းမှု ရှိနေချိန် နိုင်ငံလုံးဆိုင်ရာ အမျိုးသားနေ့ စပိန် ကျင်းပ

 

အောက်တိုဘာ ၁၂ ။             ။ ကက်တလန်ဒေသ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရလင့်ကစား ညီညွတ်မှုကို ပြသသည့်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားနေ့အခမ်းအနားများကို စပိန်တို့ အောက်တိုဘာ ၁၂ ရက်မှာ ကျင်းပနေလျက်ရှိတယ်လို့ သိရပါတယ်။

အမျိုးသားနေ့ ကျင်းပရာမှာတော့ စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျိုင်းနဲ့ ဘုရင် ဖိလစ်ပီ တို့လည်း မက်ဒရစ်မြို့လယ်က စစ်ရေးပြပွဲအခမ်းအနားကို တက်ရောက်လာပါတယ်။

ယင်းနိုင်ငံမှာတော့ ကက်တလန်ဒေသ စပိန်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ဖို့ အားထုတ်မှုတွေနဲ့အတူ အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခံစားနေရလျက်ရှိနေပါတယ်။ ယခုအခါ သီးခြားရပ်တည်ဖို့ ကြိုးစားနေတဲ့ ကက်တလန် ခေါင်းဆောင်ကိုလည်း ၎င်းရဲ့ ခွဲထွက်ရေးအစီအစဉ်တွေကို စွန့်လွှတ်ဖို့ စပိန်အစိုးရဘက်က ရက်သတ်မှတ်ပေးထားလိုက်ပြီ ဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ အရှေ့မြောက်ပိုင်းက ကက်တလန်ဒေသအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကပဲ ပိတ်ပင်ခံထားရတဲ့ ကြားကနေ ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြီးတော့ စပိန်ကနေ ခွဲထွက်ဖို့ မဲပေးဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယင်း ဆန္ဒခံယူပွဲ ရလဒ်နဲ့အတူ ဒေသခွဲထွက်မယ့်အစီအစဉ်တွေကို စပိန်အစိုးရဘက်က လုံ့၀ လက်ခံသွားဖို့ မရှိဘူးလို့ သိရပါတယ်။

ယခုလက်ရှိအချိန်မှာ ကက်တလန် ခွဲထွက်ရေး ကြိုးပမ်းချက်ကို တားဆီးသွားဖို့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်သွားမယ်ဆိုပြီး စပိန်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly