SCG Sharing the Dream ဆိုတာ

 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်တယ်လို့ SCG ကယုံကြည်ထားပါတယ်။ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖို့အတွက်   နိုင်ငံအတွင်းက ပြည်သူပြည်သားတွေရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေ မြင့်မားဖို့လိုအပ်သလို အနာဂတ်မှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အမြောက်အများပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒီ့အတွက် တစ်ချိန်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတွေဖြစ်လာမယ့် ကလေးငယ်လေးတွေရဲ့ ပညာရေးက အဓိကအကျဆုံး အခန်းကဏ္ဍတစ်ခုဖြစ်တာနဲ့အညီ ကလေးငယ်တွေရဲ့ အနာဂတ်တွေလှပလာဖို့နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လာနိုင်ဖို့အတွက် SCG က SCG Sharing the Dream Program ကိုစတင်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများမှာ ထူးချွန်ထက်မြတ်ပေမယ့် မိသားစုစီးပွားရေးမပြေလည်တဲ့အတွက် ပညာရေးဆုံးခန်းမတိုင်ခဲ့တဲ့ ကျောင်းသားတွေ၊ မိမိရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ရတဲ့ ကျောင်းသားတွေ အမြောက်အများရှိနေပါတယ်။ ဒါဟာ အနာဂတ်မှာထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေကို ဆုံးရှုံးရတာဖြစ်လို့ တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်အတွက် အထူးနစ်နာပါတယ်။

ဒီလိုနစ်နာမှုတွေ မရှိရအောင် SCG Sharing the Dream က အာဆီယံ (၆) နိုင်ငံ တစ်ဝှမ်းရှိ ကျောင်းသားပေါင်း(၆၀၀၀) ကျော်ကို နှစ်စဉ်ပညာသင်ဆု ပေးအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း SCG Sharing the Dream ကို (၂၀၁၂) ခုနှစ်မှာ စတင်ခဲ့ပြီး လက်ရှိအချိန်အထိ မြန်မာပြည်တွင်းက ကျောင်းသား (၁၃၀၀) နီးပါးကို ပညာသင်ဆုပေးအပ်ထားပြီး ဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ SCG Sharing the Dream 2017 Program မှာလည်း ရန်ကုန်တိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်အတွင်းက ထူးချွန်ပြီးငွေကြေးမတတ်နိုင်တဲ့ ကျောင်းသား (၃၀၀) ကို  ပညာသင်ဆု ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအတွက် လူနေမှုအဆင့်အတန်းမြင့်မားစေဖို့သာမက ၊ ပညာရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ မြင့်မားတိုးတက်လာဖို့အတွက်ကိုပါ SCG က အလေးထား ဆောင်ရွက်နေတာဖြစ်ပါတယ်။

SCG အနေနဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း (MBE) နှင့်တွဲဘက်ပြီး ပညာသင်ထောက်ပံ့ဆုလျှောက်လွှာများကို လက်ခံသွားမှာဖြစ်ကာ အမှန်တကယ်ရရှိသင့်တဲ့ ကျောင်းသား၊ကျောင်းသူတွေ ပညာသင်ဆုရရှိစေဖို့အတွက်ကိုလည်း စနစ်တကျရွေးချယ်ခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly