ဗြိတိန် The Voice သီချင်းဆိုပြိုင်ပွဲ၌ အကဲဖြတ်ဒိုင်လုပ်မည်ဟု အိုလီမားစ်ကြေညာ

ဗြိတိန် The Voice သီချင်းဆိုပြိုင်ပွဲ၌ အကဲဖြတ်ဒိုင်လုပ်မည်ဟု အိုလီမားစ်ကြေညာ

 

အင်္ဂလိပ်အဆိုတော် အိုလီမားစ်က သူသည်မကြာခင်တွင် ကျင်းပသွားမည့် The Voice သီချင်းဆိုပြိုင်ပွဲအစီ အစဉ်၌ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထို့ကြောင့်သူသည် ဗြိတိန် The Voice သီချင်းဆိုပြိုင်ပွဲ၌ အခြားအကဲဖြတ်ဒိုင်များဖြစ်ကြသော Will.i.am ၊ တွမ်ဂျုံးစ်၊ ဂျနီဖာဟတ်ဆန်တို့နှင့်အတူ ပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး အစီအစဉ်တင်ဆက်သူအဖြစ် အမ်မာဝီလစ်က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ အိုလီမားစ်က “ ဗြိတိန် The Voice သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်ရော နည်းပြတစ်ဦးအနေနဲ့ပါ တာဝန်ယူဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျနော်စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ Will.i.am ၊ တွမ်ဂျုံးစ်၊ ဂျနီဖာဟတ်ဆန်တို့နဲ့အတူ အနီရောင်ခုံကြီးအပေါ်မှာထိုင်ပြီး အကဲဖြတ်ဖို့အတွက် မစောင့်နိုင်တော့လောက်အောင်ကို ဖြစ်နေပါပြီ။ အနုပညာရှင်အသစ်တွေကို ညွှန်ကြားပြသပေးဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျနော်ကတော့ အနိုင်ရအောင်ကို ကူညီသွားမှာပါ” ဟု ပြောကြားခဲ့သည်။

အိုလီမားစ်သည် ၂၀၀၉ ခုနှစ်ကကျင်းပခဲ့သည့် The X Factor အဆိုပြိုင်ပွဲ၌ ဝင်ပြိုင်ခဲ့ပြီး ဒုတိယရရှိပြီးနောက် အဆိုတော်တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။ သူသည် ၁၂ကြိမ်မြောက် The X Factor အဆိုပြိုင်ပွဲ၌လည်း အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags