ဝက်မတစ်ကောင်ကို ကာမစပ်ယှက်သည်ဟုဆိုကာ အမျိုးသားတစ်ဦး ကိုအမှုဖွင့်

ဝက်မတစ်ကောင်ကို ကာမစပ်ယှက်သည်ဟုဆိုကာ အမျိုးသားတစ်ဦး ကိုအမှုဖွင့်

မုံရွာ၊ အောက်တိုဘာ ၁၂။    ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ဝက်မတစ်ကောင်ကို ကာမစပ်ယှက်ခဲ့သဖြင့် အရေးယူပေးရန် အောက်တိုဘာ ၁၀ ရက်နေ့က တိုင်ကြားခဲ့မှုတစ်ခုရှိခဲ့ကြောင်း  ပုလဲမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ ရေကြောကျေးရွာနေ အမျိုးသမီးတစ်ဦးသည် အောက်တိုဘာ ၉ ရက် ညသန်းခေါင်ကျော်ခန့်က နေအိမ်အောက်ထပ်ရှိ ဝက်မကြီးဆီမှ အော်သံကြားသဖြင့် ဓါတ်မီးဖြင့်ထိုးကြည့် ခဲ့သည်။

ထိုသို့ ဓါတ်မီးဖြင့်ထိုးကြည့် ရာ နေအိမ်တောင်ဘက် အဖီတဲတွင် ချည်နှောင်ထားသော ဝက်မကြီးအား တစ်ရွာတည်းနေထိုင်သူ မျောက်ကြီး(၅၂)နှစ် (ဘ) ဦးဘဒင် ဆိုသူက ကာမစပ်ယှက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မျောက်ကြီးဆိုသူမှာ ပုဆိုးစလွယ်သိုင်းကာ ထွက်ပြေးသွားသည်ကို မြင်တွေ့ခဲ့ကြောင်း တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ဝက်မအား ကာမစပ်ယှက်သည်ဟု ယူဆရသူ မျောက်ကြီးအား ပုလဲမြို့မရဲစခန်း (ပ) ၁၉၈/၂၀၁၇၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၃၇၇ အရအမှုရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly