ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရည်အတွက် အပြောင်းအလဲ မရှိ

ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရည်အတွက် အပြောင်းအလဲ မရှိ

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း  ရွေးကောက်ပွဲတွင် မူလက ရွေးချယ်ထးသည့် ကိုယ်စားလှယ်လောင်းများကို အမည်စာရင်းတင်သွင်းထားသည့်အတိုင်း လွှတ်တော်နေရာ ၁၁၃၉ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီက သြဂုတ် ၁၆ရက်က ထုတ်ပြန်သည်။ 

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် မဲဆန္ဒနယ် (၃၂၀) နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများတွင် မဲဆန္ဒနယ် (၁၆၆) နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာများတွင် မဲဆန္ဒနယ် (၆၂၄) နေရာ ၊ တိုင်းရင်းသားလူမျိုးစုလွှတ်တော်ကိုယ်စားလှယ်နေရာများတွင် မဲဆန္ဒနယ် (၂၉) နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲကို သြဂုတ် ၁၃ရက်က အထူးအရေးပေါ် အစည်းအဝေး ခေါ်ယူပြုလုပ်ကာ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ 

ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊ ပါတီလုပ်ငန်းစိစစ်ရေး၊ ပါတီစည်ကမ်းထိန်းသိမ်းရေးကော်မတီများနှင့် ဗဟိုဌာနကြီးများ တာဝန်ခွဲဝေမှုတွင် သမ္မတဦးသိန်းစိန်က ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ/ဥက္ကဋ္ဌပူးတွဲတာဝန် အဖြစ် ဦးဌေးဦးကိုခန့်အပ်ခဲ့သည်။ 

လက်ရှိအချိန်ထိ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီပေါင်း ၉၀ ကကိုယ်စားလှယ်လောင်း အမည်များကို တင်တွင်းလျက်ရှိပြီး သြဂုတ် ၁၃ရက်နေ့ထိ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ဦးရေ ၅၄၀၈ ဦး စာရင်းပေးသွင်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly