ဂျပန်တောင်ပိုင်းတွင် မီးတောင်ပေါက်ကွဲ၍ အန္တရာယ်သတိပေးချက် ထုတ်ပြန်

ဂျပန်တောင်ပိုင်းတွင် မီးတောင်ပေါက်ကွဲ၍ အန္တရာယ်သတိပေးချက် ထုတ်ပြန်

 

အောက်တိုဘာ ၁၂ ။                    ။ ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရှင်မိုအီဒါကီ မီးတောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်က ပေါက်ကွဲပြီး မီးခိုးနဲ့ ပြာတွေ လေထုထဲ မှုတ်ထုတ်နေလျက် ရှိတာကြောင့် ဒေသခံ ပြည်သူတွေအပေါ် အရေးပေါ်အန္တရာယ်သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံရဲ့ ကာဂိုရှီးမား စီရင်စုမှာ ရှိတဲ့ အဆိုပါမီးတောင်ဟာ ခြောက်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေါက်ကွဲခဲ့တာဖြစ်ပြီး ယခုအခါ ဒေသခံတွေကိုလည်း ယင်းမီးတောင်အနီးပတ်လည်တစ်ဝိုက် သွားလာတာတွေကို ရှောင်ရှားကြဖို့ တာဝန်ရှိသူတွေက ထုတ်ပြန်သတိပေးထားပါတယ်။

" ဒီမီးတောင်ပေါက်ကွဲတော့ မှုတ်ထုတ်တဲ့ ပြာတွေက အမြင့် မီတာ ၃၀၀ ( ပေ ၁၀၀၀) အထိတောင် ရောက်ခဲ့ပါတယ်" ဆိုပြီး ဂျပန် မိုးလေဝသ အေဂျင်စီ တာဝန်ရှိသူတစ်ဦးက   အေအက်ဖ်ပီကို   ပြောပါတယ်။

မီးတောင်ကနေ မီးခိုးနဲ့ ပြာတွေ ပန်းထွက်မှုက ဆက်လက်ဖြစ်ပေါ်နေပြီး ပိုပြီး လှုပ်ရှားလာနိုင်ကြောင်းလည်း ၎င်းက သတိပေးသွားပါတယ်။

ယင်း မီးတောင်ရဲ့ မီးခိုးပြာ အနယ်အနှစ်တွေဟာ မီးတောင်ဝကနေ အများဆုံး နှစ်ကီလိုမီတာအကွာထိ ပြန့်နှံ့ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက သတိပေးထားပါတယ်။

ယခုလက်ရှိအချိန်မှာ အာဏာပိုင်တွေအနေနဲ့ အန္တရာယ်သတိပေးချက်ကို အဆင့်သုံးအထိ တိုးမြှင့်သတ်မှတ်ထားပြီး မီးတောင်အနား သွားလာမှုများ အထူးရှောင်ကြဉ်ကြဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly