အိမ်ကြီးတစ်လုံးစာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကမာ့္ဘအနီးက ယနေ့ ဖြတ်သန်းမည်

အိမ်ကြီးတစ်လုံးစာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကမာ့္ဘအနီးက ယနေ့ ဖြတ်သန်းမည်

 

နာဆာ၊ အောက်တိုဘာ ၁၂ ။                  ။ အိမ်ကြီးတစ်လုံးစာ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုသည် ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် လပတ်လမ်းအတွင်း ဘေးကင်းစွာ ဝင်ရောက်ပြီး ကမာ့္ဘအနီးက ဖြတ်သန်းမည်ဖြစ်ရာ ပညာရှင်များအတွက် ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား ဝင်တိုက်မည့် တကယ့်ဖြစ်စဉ်အတွက် ကြိုတင်လေ့ကျင့်နိုင်မှု ရှားရှားပါးပါးအခွင့်အရေးကို ဖြစ်စေခြင်းပဲ ဖြစ်သည်။

20112TC4 ဟု အမည်ပေးထားသော ယင်းဂြိုဟ်သိမ်သည် ကမ္ဘာ့၏ ၃၆၀၀၀ ကီလိုမီတာ အဝေးရှိ geosynchronous ပတ်လမ်းမှ ဆက်သွယ်ရေးဂြိုဟ်တုများ ရာပေါင်းများစွာ လည်ပတ်နေသော ပတ်လမ်းအထက်နားက ဖြတ်သန်းသွားမည်ဖြစ်သည်။

ကမ္ဘာအနီးက အဆိုပါ ဂြိုဟ်သိမ် ယာယီဖြတ်သန်းသွားမှုတွင် မည်သည့် အန္တရာယ်မှ မရှိသကဲ့သို့ ဆက်သွယ်ရေးဂြိုဟ်တုများကိုလည်း ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း ယင်းဂြိုဟ်သိမ်ကို လေ့လာနေသည့် အဖွဲ့ခေါင်းဆောင် နာဆာမှ  မစ်ကယ်လီက ပြောသည်။

“ခုဆိုရင် TC4 ကို ကျွန်တော်တို့ စောင့်ကြည့်နေတာ နှစ်လကျော်ရှိပြီ။ သူ့ရဲ့ ရွှေ့လျားတည်နေရာကို ကျွန်တော်တို့ ကောင်းကောင်း သိထားတယ်။ သူ့ရဲ့ ရွှေ့လျားရာ လမ်းကို ကောင်းကောင်း တွက်ချက်နိုင်တယ်။ ဒီဂြိုဟ်သိမ်က ကမ္ဘာကို ဝင်တိုက်မှာ မဟုတ်သလို ဂြိုဟ်တုတွေနဲ့လည်း ထိမှန်မှာ မဟုတ်ဘူး။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ ဂြိုဟ်သိမ်ကို ယနေ့ ကမ္ဘာနှင့် အနီးဆုံး ဖြတ်သန်းမည့် အကွာအဝေး၏ နှစ်ဆတွင် ရှိနေချိန် လွန်ခဲ့သော ငါးနှစ်က စတင်တွေ့ရှိထားခဲ့ပြီးနောက် မြင်ကွင်းမှ ပြန်ပျောက်ကွယ်ခဲ့သည့် ဂြိုဟ်သိမ်ဖြစ်ကြောင်းလည်း သိရသည်။

ဂြိုဟ်သိမ်၏ အကျယ်အဝန်း အရွယ်အစားသည် ပေ ၅၀ မှ ၁၀၀ ရှိရာ ၂၀၁၃ ခုနှစ်က ရုရှလေထုအတွင်း ဝင်ရောက်ပေါက်ကွဲသွားသည့် ဥက္ကာပျံကြီး အရွယ်မျှ ရှိသည်။ အဆိုပါ ရုရှ ဥက္ကာပျံကြီး၏ ရွှေ့လျားစွမ်းအင် kinetic energy အရှိန်သည် ဟီရိုဟီးမားကို ကြဲချခဲ့သော နျူကလီးယားဗုံးထက် အဆ သုံးဆယ် ပြင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly