တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

ရေးသားသူ Dr. Phio Thia 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

ပေါ့ပါးဖျတ်လက်စွာနေခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတွင်း အချိုဓါတ်များခြင်း၊ သွေးဖိအားများခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေက ကင်းဝေးစေနိုင်တဲ့အပြင် သင်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။ ကိုယ်ရဲ့ တက်ကြွဖျတ်လက်မှုကို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်လိုမြှင့်တင်နိုင်မလဲ။

အခုဖော်ပြသွားမယ့် အချက်တွေကတော့ ဈေးကြီးပေးရတဲ့ အားကစားစင်တာတွေ သွားဖို့မလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

(၁) အလုပ်မှာဆိုရင် – အထိုင်များတဲ့အလုပ်လုပ့်ရသူတွေအတွက် အဆီတွေကို လောင်ကျွမ်းစေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဓါတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။ တစ်နာရီနှစ်နာရီလောက် အလုပ်လုပ်ပြီးတာနဲ့ အလုပ်ထိုင်ခုံကထပြီး လမ်းလျှောက်တာ ဒါမှမဟုတ် အကြောပြေစေတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ခန္ဓာကို လှုပ်ရှားနိုင်သလောက် လှုပ်လှုပ်ရှားရှားနေပါ။ နေ့လည်စာ ထွက်စားပါ။ နီးနီးနားနား သွားဖို့ရှိရင် လမ်းလျှောက်ဖို့ စဉ်းစားပါ။

(၂) အိမ်မှာဆိုရင် – ခွေးကျောင်းခြင်း၊ ကလေးတွေနဲ့ ဆေ့ာကစားခြင်းစတဲ့ ကိုယ်ဝါသနာပါရာ လုပ်ဆောင်ပါ။ အားကစားတစ်ခုခုလုပ်ပါ။ ဖုန်သုတ်တာ ကြမ်းတိုက်တာနဲ့ ပန်းကန်ဆေးတာ စတဲ့ရိုးရှင်းတဲ့ အိမ်အလုပ်တွေက အသုံးဝင်ပါတယ်။ ခြံအလုပ်တွေဖြစ်တဲ့ မြက်ရိတ်ခြင်း၊ သစ်ရွက်ခြွေခြင်းနှင့် အသုံးမလိုတော့တဲ့ အမှိုက်တွေ ရှင်းထုတ်ခြင်းတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး တီဗီကြည့်ရင်း လေ့ကျင့်ခန်း လုပ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

(၃) အပြင်သွားနေချိန်ဆိုရင် – ဖျတ်လတ်တက်ကြွစွာနေဖု့ိ တစ်ခါတစ်လေမှာ အချိန်နဲ့ အား ပိုကုန်ပါတယ်။ ဈေးဝယ်စင်တာမှာ ကားကို အဝေးမှာ ရပ်ပြီး လမ်းလျှောက်နိုင်ပါတယ်။ လေယဉ်နောက်ကျနေတဲ့အချိန်မျိုးမှာ လေဆိပ်ထဲမှာ လမ်းပတ်လျှောက်နေနိုင်ပါတယ်။ ခရီးသွားရင် ၁ နာရီ ၂ နာရီလောက် ကားဆက်တိုက်မောင်းပြီးတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း အနည်းငယ်လုပ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly