မန်ယူနှင့် ပေါင် (၆၅) သန်းတန် (၅)နှစ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးရန် မော်ရင်ဟို အသင့်ဖြစ်

မန်ယူနှင့် ပေါင် (၆၅) သန်းတန် (၅)နှစ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးရန် မော်ရင်ဟို အသင့်ဖြစ်
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်ဟာ ဟိုဆေးမော်ရင်ဟိုကို ပေါင် ၆၅ သန်း တန်ကြေးရှိ (၅)နှစ် စာချုပ်သစ်တစ်ရပ်ဖြင့် ချုပ်ဆိုရန် အလိုရှိနေပါတယ်။ ပြီးတော့ နည်းပြကလည်း  စာချုပ်ကို လက်မှတ်ရေးထိုးရန် အဆင့်သင့်ဖြစ်နေပြီး အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ နည်းပြဘဝ အရှည်ဆုံးသက်တမ်းကာလတစ်ခုကို ဖြတ်သန်းလိုနေပါတယ်။

အသက် ၅၄ အရွယ်ရှိ မော်ရင်ဟိုဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနှင့်အတူ ကမ္ဘာ့ဘောလုံးလောကမှာ လစာငွေအမြင့်ဆုံး ပေးချေရတဲ့နည်းပြတွေဖြစ်ပြီး နှစ်ဦးစလုံးဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၂၅၀,၀၀၀ ဝင်ငွေရရှိပါတယ်။

စာချုပ်သစ်အရ မော်ရင်ဟိုရဲ့ အခြေခံလစာမှာ တူညီနေမှာဖြစ် ပေမယ့် ဆုဖလားများ ရယူနိုင်မှုနှင့် လိဂ်အမှတ်ပေးဇယား အဆင့်ရပ်တည်ချက်ပေါ်မူတည်ပြီး မြင့်မားတဲ့ ဆုကြေးငွေကို ပေးဆောင်ဖို့ ရှိပါတယ်။

နောက်ဆုံးအသေးစိတ်အချက်လက်တွေကို သဘောတူညီမှု ရဖို့ရှိတယ်လို့ သိရပါတယ်။ ကနဦးအနေဖြင့် မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ် နွေရာသီက (၃)နှစ် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မော်ရင်ဟိုဟာ သူ့ရဲ့ ပထမရာသီမှာ မန်ယူအသင်းအတွက် အဓိက ဖလားနှစ်လုံးဖြစ်တဲ့ လိဂ်ဖလားနှင့် ယူရိုပါလိဂ် ဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ မြို့ခံပြိုင်ဘက် စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ်တူဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly