နိုင်ငံလက်ရွေးစင်းအသင်းကနေ ဗီဒယ် အနားယူသေးမှာမဟုတ်ဘဲ ချီလီအသင်းမှာ ဆက်ရှိနေမည်

နိုင်ငံလက်ရွေးစင်းအသင်းကနေ ဗီဒယ် အနားယူသေးမှာမဟုတ်ဘဲ ချီလီအသင်းမှာ ဆက်ရှိနေမည်
(ဓာတ်ပုံ - အီးပီအေ)

ချီလီလက်ရွေးစင် ဘွန်ဒက်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်က ၎င်းဟာ နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူမှာ မဟုတ်သေးကြောင်း အခိုင်အမာပြောဆိုခဲ့တယ်လို့ သတင်းများအရ သိရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲမှာ ချီလီအသင်းဟာ ဘရာဇီးလ်အသင်းကို (ဝ-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့ပြီးနောက် ဗီဒယ်လ်က အနားယူတော့မယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာခဲ့တာကို Sky Sports အရ သိရတာဖြစ်ပါတယ်။

ဒါပေမယ့် ဗီဒယ်ရဲ့ တွစ်တာပေါ်မှာတော့ သူက ကိုပါအမေရိကချန်ပီယံအသင်းဘက်မှ ခေါ်ယူမှုကို ဆက်လက် လက်ခံသွားမယ်လို့  ကြေညာချက်မှာ ရေးသားထားပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့ပုံရပါတယ်။

“ဒါဟာ အလွန်ခက်ခဲတဲ့ အချိန်ဖြစ်ပါတယ်။ ဒီမှာ ဘယ်သူက အသန်မာဆုံးဖြစ်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ချီလီဟာ စစ်သည်တော် အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီအသင်းအတွက် ဂုဏ်ယူမိပါတယ်။ ပြီးတော့ ကျနော် သူတို့ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ အဆုံးထိတိုင် အတူတူသွားပါလိမ့်မယ်။ ကျနော်ဟာ ကျနော်ရဲ့ နိုင်ငံအသင်းအတွက် အချိန်တိုင်း ကစားနိုင်ပါလိမ့်မယ်။”လို့ ကြေညာချက်မှာ ဖတ်ရှုရပါတယ်။

၂၀၀၇ ခုနှစ်မှ စတင်ပြီး ချီလီလက်ရွေးစင်တစ်ယောက်ဖြစ်လာခဲ့တဲ့ အသက် ၃၀ ရှိ ကွင်းလယ်လူ ဗီဒယ်ဟာ ပွဲပေါင်း ၉၇ ပွဲပါဝင်ကစားခဲ့ကာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂၃ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဆုတံဆိပ်များအနေဖြင့် ၂၀၁၅  နှင့် ၂၀၁၆ ခုနှစ်များမှာ ကိုပါအမေရိကချန်ပီယံဆုကို ၂ကြိမ်ဆက်ရရှိခဲ့ပါတယ်။

Ref; bleacher Report

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly