ဟောင်ကောင်က တရုတ်အတွက် ရပ်တည်ရမည်ဟု ခေါင်းဆောင်ဖြစ်သူ ပြော

ဟောင်ကောင်က တရုတ်အတွက် ရပ်တည်ရမည်ဟု ခေါင်းဆောင်ဖြစ်သူ ပြော

ဟောင်ကောင်၊ အောက်တိုဘာ ၁၁ ။          ။ ဟောင်ကောင်နေ ပြည်သူများအနေဖြင့် အချုပ်အခြာပိုင်နက် ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး တရုတ်အတွက် ရပ်တည်ရမည့် တာဝန်ရှိကြောင်း ဟောင်ကောင်ဒေသ ခေါင်းဆောင် ကာရီလမ်းက အောက်တိုဘာ ၁၁ ရက်တွင် ပြောလိုက်သည်။

တရုတ်နိုင်ငံက တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်အနေဖြင့် မိမိတို့၏ ထိန်းချုပ်မှုကို မည်သည့် စိန်ခေါ်မှုမျိုးမှ မလုပ်ရန် သတိပေးထားပြီး လများအကြာတွင် ခေါင်းဆောင် ကာရီလမ်းက ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။

ယခုနှစ်အစောပိုင်းက ဟောင်ကောင်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ကာရီလမ်းက ပထမဆုံး မူဝါဒရေးရာ မိန့်ခွန်းပြောကြားခြင်း ဖြစ်ပြီး ကောင်ဟောင်က ဒီမိုကရေစီထောက်ခံသော အင်အားစုများနှင့် ငါတကောကောနေသော တရုတ်တို့ ရင်ဆိုင်နေမှုများကြား နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ရှောင်ဖယ်လိုက်သည့် လုပ်ရပ်လည်း ဖြစ်သည်။

ဟောင်ကောင်ဒေသ ပေကျင်းလက်သို့ ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အဖြစ် လာရောက်လည်ပတ်ခဲ့စဉ်က တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ဟောင်ကောင်ဒေသကို ပေကျင်း ထိန်းချုပ်မှုအပေါ် မည်သည့်စိန်ခေါ်မှုမျိုးမဆိုသည် ထမင်းရည်ပူစည်းကို ဖြတ်ကျော်သော စိန်ခေါ်မှုပဲဖြစ်သည်ဟု သတိပေးထားခဲ့ခြင်းကို ရည်ညွှန်းကာ ကာရီလမ်းက ၎င်း၏ မိန့်ခွန်းအဖွင့်တွင် ပြောဆိုသည်။

“သမ္မတ ရှီကျင့်ဖျင်က ဟောင်ကောင်ရဲ့ ကံတရားဟာ တရုတ်ပြည်မကြီးနဲ့ အမြဲတစေနှီးနွယ်နေတာဖြစ်တယ်လို့ အလေးအနက်ထား ပြောခဲ့တယ်။ ဟောင်ကောင်အတွက် ဒေသစိတ်ရှိသူ ဘယ်သူမဆိုဟာ ကျွန်မတို့ တိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်တာမျိုးကို မလိုလားဘူးလို့ ပြောကြရမယ်ဆိုတဲ့ တာဝန်က ရှိထားပါတယ်။”ဟု ကာရီလမ်းက ပြောခဲ့သည်။

ထိုသို့ ကာရီလမ်း၏ ပထမဆုံးမူဝါဒမိန့်ခွန်း ပြောကြားစဉ် ဆန္ဒပြမှုများလည်း ဖြစ်ပွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required