ပရိတ်သတ်တွေက ခွန်အားတွေပေးတယ်လို့ အောင်လအန်ဆိုင်းပြော

ပရိတ်သတ်တွေက ခွန်အားတွေပေးတယ်လို့ အောင်လအန်ဆိုင်းပြော

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။        ။ ကင်မရွန်း လူမျိုး ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ “ကျားသစ်နက်” Ngalani နဲ့ယှဉ်ပြိုင်မယ့်ပွဲစဉ်နဲ့ ပတ်သက်ပြီး  မြန်မာနွယ်ဖွား ONE မစ်ဒယ်လ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လ အန်ဆိုင်း “မြန်မာ့စပါးအုံး” က သူ့ကို ခွန်အားပေးနေတဲ့သူတွေက ပရိတ်သတ်တွေပဲ လို့ပြောဆိုလိုက်ပါတယ်။

လာမယ့် နိုဝင်ဘာလ(၃) ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ရုံမှာ ONE: HERO’S DREAM (သူရဲကောင်းတို့၏ အိမ်မက်) ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်မှာဖြစ်ပြီး စိန်ခေါ်ပွဲထိုးသတ်ဖို့ ၂၃ ရက်အလို (အောက်တိုဘာ ၁၁ရက်) မှာ လူမှုကွန်ယက်ကနေတစ်ဆင့် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ ကျွန်တော့် ပရိတ်သတ်တွေဝန်းရံနေလို့ကျွန်တော် သေခြင်းတရားဆိုတဲ့အရိပ်တွေကို မကြောက်ဘဲ ယှဉ်ပြိုင်မယ်။ ကျွန်တော့်ကို ပိုမိုကြံ့ခိုင်သန်စွမ်းမှုနဲ့ခွန်အားတွေပေးသူတွေကတော့ ကျွန်တော့်အဖွဲ့နဲ့ ဝန်းရံနေတဲ့ပရိတ်သတ်တွေပါပဲ။ တကယ်လို့များ ကျွန်တော်လှဲသိပ်အလဲထိုးခံရမယ်ဆိုရင်တောင် ကျွန်တော့်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ လို့မထင်ဘဲ အကောင်းဆုံးလေ့ ကျင့်မှုတွေနဲ့ အတူ မြန်မာမြေမှာထိုးသတ်ဖို့ လှမ်းလာခဲ့ပါပြီ” လို့ အောင်လအန်ဆိုင်းက ပြောပါတယ်။

ခေတ်သစ်၏  “သမိန်ဗရမ်းနဲ့ ဂါမဏိ စီးချင်းထိုးပွဲ” လို့တင်စားခေါ်ဝေါ်ခံထားတဲ့အောင်လအန်ဆိုင်းနဲ့ အာလိန်းဂလားနီးတို့ရဲ့ စိန်ခေါ်ပွဲညမှာ အခြား ပွဲစဉ် ၉ ခု ပါဝင်မှာဖြစ်ပါတယ်။

အောင်လအန်ဆန်နဲ့ ထိုးသတ်မယ့် ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ ဂါလာနီ (Alain Ngalani) က MMA ၇ ပွဲမှာ  ၃ ပွဲနိုင် ၃ ပွဲရှုံးနိမ့် ထားပြီး လျင်မြန်တဲ့ ခြေကန်ချက်တွေကြောင့်   နာမည်ကြီး သူတစ်ယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့က ဂျာကာတာမှာ ပြိုင်ဘက်လက်ဝှေ့သမားဆီကီနီကို ၁၁ စက္ကန့်နဲ့ ဂါလာနီ က အလဲထိုးခဲ့ပြီး One Championship ဟဲဗီးဝိတ်ပြိုင်ပွဲသမိုင်းမှာ အမြန်ဆုံးပွဲသိမ်းနိုင်တဲ့ စံချိန်တင်ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။

One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီက  အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနှင့် ဂျူဒို ပညာရပ်တွေကို ကျွမ်းကျင်သူဖြစ်ပါတယ်။  ဒါ့အပြင် မွေထိုင်းချန်ပီယံဆုကို လေးကြိမ် ရရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required