ရာသီအဖွင့် နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ဆန်းဒါးလန်းနည်းပြ အက်ဗိုကတ် ကစားသမားများနှင့် အစည်းအဝေးပြုလုပ်

ရာသီအဖွင့် နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ဆန်းဒါးလန်းနည်းပြ အက်ဗိုကတ် ကစားသမားများနှင့် အစည်းအဝေးပြုလုပ်

 သြဂုတ် ၁၆၊ အင်္ဂလန်။ ။ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ် ၂ ပွဲစလုံးရှုံးနိမ့်ပြီးနောက်တွင် ဆန်းဒါးလန်းနည်းပြ အက်ဗိုကတ်သည် ကစားသမားများကို ခေါ်ယူတွေ့ဆုံကာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ လက်ရှိအခြေအနေသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အက်ဗိုကတ်က ပြောသည်။

ဆန်းဒါးလန်းအသင်းသည် ရာသီအဖွင့်ပွဲစဉ်တွင် လက်စတာကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာပြီး ယခုတစ်ပတ်တွင် တန်းတက်နောဝှစ်ချ်ကို ၁-၃ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ရသည်။

'ဒီတစ်ပတ်အရှုံးက ပထမတစ်ပတ်ကထက် ပိုဆိုးပါတယ်။ ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ကစားသမားတွေနဲ့ တိုင်ပင်ဆွေးနွေးသွားရမှာပါ။ ကျွန်တော်တို့ အဖြေရှာရပါလိ့မ်မယ်။ တစ်ခြားလုပ်စရာမရှိပါဘူး။

ကစားသမားသစ် ငါးဦးနဲ့ လက်ရှိအသင်းရဲ့ ကစားသမားစာရင်းက နောဝှစ်ချ်ကို အနိုင်ယူဖို့ လုံလောက်တဲ့ အင်အားရှိပါတယ်။ ဒီရှုံးနိမ့်မှုတွေအတွက် ကျွန်တော့်မှာ အပြည့်အ၀ တာဝန်ရှိတယ်ဆိုတာကိုတော့ သံသယ မဖြစ်ပါနဲ့ ' ဟု အက်ဗိုကတ်က ပြောသည်။

ဆန်းဒါးလန်းနည်းပြ အက်ဗိုကတ်သည် ထိုပွဲစဉ်နှစ်ပွဲတွင် ဒီဖိုး၊ ဖလက်ချာ၊ ဂရေဟမ်နှင့် အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ဝက်မိုးစသည့် တိုက်စစ်မှူး လေးဦးအထိ အသုံးပြုခဲ့သည်။ ဆန်းဒါးလန်းအသင်းသည် ယခုနှစ်အပြောင်းအရွှေ့တွင် နောက်ခံလူ ကာဘူးလ်၊ ကိုအာတက်စ်၊ မက်သရူး၊ ကွင်းလယ်ကစားသမားများဖြစ်သည့် ဂျာမိန်းလန်းစ်နှင့် အမ်ဗီလာတို့ကို ခေါ်ယူထားသည်။

ဆန်းဒါးလန်းအသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ ဆွမ်ဆီးအသင်းကို ဧည့်ခံကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly