ဟာဗေးဝိန်းစတိန်း၏ အနိုင်ကျင့်ခြင်းကို မိမိတို့လည်းခံစားခဲ့ရကြောင်း ဂျိုလီနှင့် ပယ်လ်ထရိုးတို့ပြောကြား

ဟာဗေးဝိန်းစတိန်း၏ အနိုင်ကျင့်ခြင်းကို မိမိတို့လည်းခံစားခဲ့ရကြောင်း ဂျိုလီနှင့် ပယ်လ်ထရိုးတို့ပြောကြား

 

ဟောလိဝုဒ်နာမည်ကျော်မင်းသမီးများဖြစ်ကြသော အင်ဂျလီနာဂျိုလီနှင့် ဂွမ်နက်သ်ပယ်လ်ထရိုးတို့က သူမတို့ သည် ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားခံ ခဲ့ရသူများထဲတွင် ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မင်းသမီးနှစ်ဦးစလုံးက သူမတို့သည် အနုပညာလောကထဲသို့ စတင်ခြေချစဉ်၌ ဟာဗေး၏အနိုင်ကျင့်မှုကို ခံခဲ့ရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ထို့ကြောင့် မင်းသမီးနှစ်ဦးသည် ဟာဗေးဝိန်းစတိန်း၏ အနိုင်ကျင့်စော်ကားခြင်းကိုခံခဲ့ရသော မင်းသမီးများ စာရင်းထဲ၌ ပါဝင်လာပြီဖြစ်သည်။ နယူးယောက်ခ်ကာမဂ္ဂဇင်းက ဟာဗေးသည် မင်းသမီးများကို အနိုင်ကျင့် စော်ကားခဲ့သည်ဟု ဖော်ပြခဲ့ပြီး ထိုစွပ်စွဲချက်များအားလုံးကို ဟာဗေးက အင်္ဂါနေ့တွင် ယတိပြတ်ငြင်းဆန်ခဲ့သည်။

စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်တွင် ဟာဗေး၏ဇနီးဖြစ်သော ဒီဇိုင်နာဆရာမ ဂျီယိုဂျီနာချက်မန်းက သူမသည် ဟာဗေးနှင့် ကွာရှင်းတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ခွင့်မလွှတ်နိုင်စရာကောင်းတဲ့ သူ့ရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်နာကျင်ခဲ့ရတဲ့ အမျိုးသမီးအားလုံးအတွက် ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်” ဟု အသက် ၄၁ နှစ်အရွယ်ရှိ ဂျီယိုဂျီနာချက်မန်းက People မဂ္ဂဇင်းသို့ ပြောကြားခဲ့ သည်။ အင်္ဂလိပ်ဒီဇိုင်နာ ချက်မန်းသည် အသက် ၆၅ နှစ်အရွယ်ရှိ ဟာဗေးဝိန်းစတိန်းနှင့် သားသမီး ၂ဦး ထွန်းကားခဲ့သည်။

လက်ရှိအချိန်တွင် ဟာဗေးဝိန်းစတိန်းကို သူနှင့်လက်တွဲခဲ့ဖူးသော မင်းသားတစ်ဦးဖြစ်သည့် လီယိုနာဒိုဒီကာ ပရီယိုအပါအဝင် ဟောလိဝုဒ်စတားများဖြစ်ကြသော ဂျနီဖာလောရင့်စ်၊ မာလေစထရိ၊ ကိတ်ဝင်းစလက်၊ ဂျော့ကလူးနီးနှင့် အင်ဂျလီနာဂျိုလီတို့က ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချလျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required