ရခိုင်ပြည်နယ်ရှိ မြို့ကြီး ၁၇ မြို့နယ်တွင် လုံခြံုရေး တိုးမြှင့်

ရခိုင်ပြည်နယ်ရှိ မြို့ကြီး ၁၇ မြို့နယ်တွင် လုံခြံုရေး တိုးမြှင့်
 

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။             ။ လူအင်အားသုံး အကြမ်းဖက်မှုများ ထပ်မံပြုလုပ်မည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေသည့်အတွက် ရခိုင်ပြည်နယ်ရှိ မြို့ကြီး ၁၇ မြို့နယ်တွင် လုံခြုံရေးပိုင်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက မဇ္ဈိမသို့ ပြောသည်။

ရခိုင်ပြည်နယ်၊ မြို့ကြီး ၁၇ မြို့နယ်ရှိ မြို့အဝင်အထွက်များတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ၊ လှည့် ကင်းဆောင်ရွက်ခြင်းများနှင့် ကားဂိတ်၊ ဆိပ်ကမ်း၊ ဈေးကြီးများ၊ ဆေးရုံများစသည့် လူစည်ကားသည့် နေရာများ တွင်လည်း အရပ်ဝတ်များဖြင့် စောင့်ကြည့်လျက် လုံးခြုံရေးပိုင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

“ လုံခြုံရေးအခြေအနေတိုးမြှင့်တယ်ဆိုတာက ဟိုဘက်က သတင်းတွေကြားနေရတယ်။  နယ်စပ်သတင်းတွေ ကတော့ ကောလဟာလ အမျိုးမျိုးပေါ့နော်။ ဒီအပေါ်မှာတော့ ဒီမြို့ကြီးတွေ ဗုံးခွဲမယ်တို့ဘာတို့ သတင်းတွေရ တော့ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့တာတွေ၊ စစ်ဆေးတာတွေ၊ ရှာဖွေတာတွေ၊ လှည့်ကင်းဆောင်ရွက်တာ၊ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးလုပ်ငန်းစဉ်ခေါ်တာပေါ့”ဟု ရဲမှူးကြီးအောင်မြတ်မိုးက ပြောသည်။

ဆက်လက်ပြီး ရဲမှူးကြီး အောင်မြတ်မိုးက “ အဓိကတော့ ရခိုင်ပြည်နယ်မှာ မြို့ကြီး ၁၇ မြို့ရှိတယ်။ ၁၇ မြို့စလုံး မှာပဲ လုံခြုံရေးပိုင်းတိုးမြှင့်တာတွေ လုပ်နေတယ်။ အဲ့ဒီမြို့တွေမှာရှိတဲ့ ဆိပ်ကမ်းတွေရော၊ ကားဂိတ်တွေ၊ လူ စည်ကားတဲ့ ဆေးရုံတွေ၊ ဈေးကြီးတွေ၊ အများသူငါ သွားလာနေတဲ့ နေရာတွေပေါ့။ အဲ့ဒီနေရာတွေမှာ အဓိက ထားပြီး လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ နယ်န မိတ်မဆုံးရှုံးစေရေးအတွက် အချုပ်အခြာအာဏာ မထိပါးစေရေးအတွက်ကိုတော့ အကုန်လုံး တပ်မတော်ရော၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရော ပူးပေါင်းပြီးတော့ လုံခြုံရေးပိုင်းကို တိုးမြှင့်ဆောင်ရွက် လျက်ရှိပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ နယ်ခြားစည်းရိုးတလျှောက်တွင်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့များမှ ရဲစခန်း၊ ရဲကင်းများဖြင့် လုံခြုံရေးပိုင်း ဖြန့်ခွဲချထားပြီး အသင့်အနေအထား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများက ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မောင်တောခရိုင်ရှိ ရဲကင်း၊ ရဲစခန်း များအား သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုနေ့တွင် တိုက်ခိုက်ခံရမှု ၃၁ ခုဖြစ်ပွားခဲ့ကာ နံနက် ၃ နာရီခွဲတွင်  နေရာလေးနေရာ တပြိုင်နက် တိုက်ခိုက် ခံခဲ့ရသည်။ ရပ်ကွက် ၅ ရဲကင်းစခန်း၊ ရွာသစ်ကေ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်း၊ မြို့ဝင်တံတား ရဲကင်းစခန်းအား သေနတ်ဖြင့် ပစ်ခံရခြင်း၊ နတလ ရဲကင်းများအား လာရောက်ပစ်ခတ် ခြင်း၊ ယာဉ်ထိန်းရဲရုံးနှင့် မူးယစ်ရဲတပ်ဖွဲ့ရုံးများအတွင်းသို့ ဓာတ်ဆီပုလင်း ( လက်လုပ်ဗုံး) ဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly