ပုဇွန်တောင် အိုးအိမ်ပိုင်မြေကျူးကျော်သူများကို အရေးယူမည်

ပုဇွန်တောင် အိုးအိမ်ပိုင်မြေကျူးကျော်သူများကို အရေးယူမည်

ရန်ကုန် အောက်တိုဘာ ၁၁ ။            ။ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အိုးအိမ်ဦးစီးဋ္ဌာနပိုင် မြေပေါ်တွင် ကျူးကျော်ထားခြင်းများရှိနေပြီး၊ ယင်းတို့ကို ၁၉၉၅ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ပြည် တော်သစ်အိမ်ယာဝန်းအတွင်းရှိ မြေညီထပ်တိုက် ခန်းအချို့သည် အိုးအိမ်ဋ္ဌာနပိုင်မြေပေါ်သို့ အဖီ အဆွယ်နှင့် စီးပွားဖြစ်ကျူးကျော်ထားခြင်းများရှိနေ ပြီး၊ မြေနေရာကျူးကျော်မှု ၉ မှုရှိနေကြောင်း မြို့ပြ အိမ်ယာနှင့်အိုးအိမ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦး ယုခိုင်က ပြောသည်။

"သူတို့က အိမ်ဆောက်ထားတာပေါ့၊ ဈေးဆိုင်လိုမျိုး လေး ဆောက်ထားတာ၊ အိမ်ပြင်ပ ထုတ်ထားတာ ပေါ့၊ အိမ်အဖီလည်း ထုတ်လို့မရဘူးလေ၊ သူတို့ ကိုလည်း အစည်းအဝေးတွေမှာ ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် ပြောပြီးပြီ၊ ဒါပေမယ့် အခုထိ ဖယ်ရှား တာ မရှိသေးဘူး၊ ကျွန်တော်ကတော့ ဥပဒေ အတိုင်းဆောင်ရွက်ဖို့ လုပ်နေတယ်" ဟု ဦးယုခိုင် က ပြောသည်။

ကျူးကျော်ထားသည့် ပမာဏမှာ ၇ ပေ ၈ ပေရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အချိန် ၁ လ စောင့်ကြည့်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနသို့ အဆင့်ဆင့် တင်ပြထားကြောင်း ဦးယုခိုင်က ဆက်လက်ပြောသည်။

" ဥပဒေကြောင်းအရ နို့တစ်စာပို့တာတွေ ဘာတွေ လာလိမ့်မယ်၊ ကျွန်တော်တို့က ပြောပြီးသားပဲလေ၊ သူတို့ဘက်က အလိုက်သင့်အလျားသင့် လုပ်မ လားပေါ့၊ စောင့်ကြည့်နေပေမယ့် မထူးခြားတော့ ရုံးချုပ်ကို တင်လိုက်ပြီပေါ့၊ လမ်းညွှန်ချက်ပြန်ကျ လာရင်တော့ ဥပဒေအတိုင်းဆောင်ရွက်သွားရ မှာ ပေါ့" ဟု ပြောသည်။

ဖယ်ရှားမှုများဆောင်ရွက်ပြီးပါက ယင်းမြေနေရာ ကို ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်း၍ ဘောလုံးကွင်း တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly