မိုးကုတ်တွင် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မိုးကုတ်တွင် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။          ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာအုပ်စု၊ ပန်ထီလာကျေးရွာ၏ အရှေ့မြောက်ဘက် ထင်းရှူးတောင်တွင် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့အောက်တိုဘာလ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဗုံးသီးဟောင်း ပေါက်ကွဲကြောင့် မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာအုပ်စု၊ လီဆူကျေးရွာ၊ ခါနန်းရပ်နေ ဒေါ်အလေးမီးဆိုသူ အမျိုးသမီးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် မိုးကုတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ပန်ထီလာကျေးရွာအရှေ့မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ထင်းရှူးတောင်တွင် လီဆူကျေးရွာ၊ ခါနန်းရပ်နေ ဒေါ်အလေးမီးဆိုသူ အမျိုးသမီးမှာ သားဖြစ်သူ မောင်အားဆာ၊ ရွှေဝူးဆိုသူနှင့် တူဖြစ်သူ ယောဆက်တို့နှင့်အတူ ဝဥများတူးဖော်နေစဉ် ယောဆက်ဆိုသူက အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသီးဟောင်း တစ်လုံးကို တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးသီးဟောင်းမှာ လုံးပတ် ၅ လက်မ၊ အရှည် ၄ လက်မခန့်ရှိပြီး ဗုံးသီးဟောင်းအား ယောဆက်ဆိုသူက ဒေါ်အလေးမီးထံသို့ လှမ်းပစ်ပေးခဲ့ရာ သူမက ကောက်ယူလွှင့်ပစ်စဉ်ပေါက်ကွဲမှု   ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required