ကစားသမားဘဝ ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ်ဖြစ်လာတဲ့ ဆီမွန်နာ ဟာလက်ပ်

ကစားသမားဘဝ ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ်ဖြစ်လာတဲ့ ဆီမွန်နာ ဟာလက်ပ်
(ဓာတ်ပုံ - အီးပီအေ)

ဆီမွန်နာ ဟာလက်ပ်ဟာ တရုတ်အိုပင်း တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် သူမဟာ အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ထုတ်ပြန်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ်အဖြစ် ရယူသွားခဲ့ပါတယ်။

အဆိုပါ အသက် ၂၆ နှစ်အရွယ် ရိုမေးနီးယား တင်းနစ်မယ်က သူမရဲ့ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပြီး ၎င်းနေရာကို ရက်သတ္တပတ် လေးပတ်ကြာ သိမ်းပိုက်ထားတဲ့ စပိန်မှ မူဂူရူဇာမှာမူ အဆင့် ၂ နေရာကို ကျဆင်းသွားခဲ့ပါတယ်။

ချက်မှ ပလစ်ဆကိုဗာက အဆင့် ၃ နေရာကို ခုန်တက်လာချိန်မှာ ယူကရိန်းမှ အလီနာ ဆဗီလီနာက အဆင့် ၄ ကို ကျသွားခဲ့ပါတယ်။

အမေရိကန်မှ ဗီနပ်စ်ဝီလျံက အဆင့် ၅ နေရာ၊ သူမနောက်မှာ ဒိန်းမတ်မှ ကယ်ရိုလိုင်း ဝိုဇ်နီယာကီ ရပ်တည်နေပြီး လတ်ဗီးယားမှ အော်စပင်ကိုနှင့် ရုရှားမှ ကက်ခ်နက်ဇီဗာတို့က အဆင့် ၇ နှင့် ၈ တို့မှာ အသီးသီး ရှိနေကြပါတယ်။

ပြင်သစ်မှ ကယ်ရိုလိုင်း ဂါစီယာက တရုတ်အိုင်းပမှာ ဗိုလ်ဆွဲခဲ့ပြီးနောက် အဆင့် ၃ ဆင့် ခုန်တက်ကာ အဆင့် ၉ နေရာထိ ရောက်ရှိချိန်မှာတော့ ဗြိတိန်ရဲ့ ဂျိုဟာနာကွန်တာက အဆင့် ၁၀ ထိ ဆင်းပေးလိုက်ရပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၁၇၅
၂) ဂါဘင် မူဂူရူဇာ (စပိန်) ၆,၁၃၅
၃) ပလစ်ဆကိုဗာ (ချက်) ၅,၆၀၅
၄) အလီနာ ဆဗီလီနာ(ယူကရိန်း) ၅,၄၆၅
၅) ဗီနပ်စ်ဝီလျံ (အမေရိကန်) ရမှတ် ၄,၆၄၂
၆) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၆၄၀
၇) အော်စပင်ကို (လတ်ဗီးယား) ၄,၅၁၀
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၀၀၅
၉)  ကယ်ရိုလိုင်း ဂါစီယာ (ပြင်သစ်) ၃,၈၆၀
၁၀) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၃,၇၉၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required