ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေဆဲ နဒါးလ်၊ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက်လာတဲ့ ဂေါ်ဖင်

ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေဆဲ နဒါးလ်၊ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက်လာတဲ့ ဂေါ်ဖင်
(ဓာတ်ပုံ - အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က ထုတ်ပြန်လိုက်တဲ့ ယခုတပတ်အတွက် အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်က ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဘယ်လ်ဂျီယံမှ ဒေးဗစ် ဂေါ်ဖင်မှာ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက်လာခဲ့ပါတယ်။

ဂရင်းစလင်းချန်ပီယံ ၁၆ ကြိမ်ရ နဒါးလ်ဟာ တနင်္ဂနွေနေ့က ၎င်းရဲ့ ကစားသမားဘဝတစ်လျောက် တရုတ်အိုပင်း ချန်ပီယံ နှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၁) နေရာကို ဆက်လက် ထိန်သိမ်းခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်မှ ရော်ဂျာဖက်ဒရာက အဆင့် ၂ မှာ ရှိပြီး သူ့နောက်မှာတော့ ဗြိတန်မှ အန်ဒီမာရေးနှင့် ဂျာမနီမှ အလက်ဇန်းဒါး ဇက်ဗဲယာတို့ အသီးသီး ရပ်တည်နေပါတယ်။

ဆွစ်ဇာလန်မှ စတန် ဝေါ်ရီကာက အဆင့် ၈ နေရာကို ခုန်တက်ခဲ့ပြီး ဘူဂေးရီးယားမှ ဒီမီတိုဗ်က အဆင့် ၉ ကို ကျဆင်းသွားပါတယ်။

ဂေါ်ဖင်ဟာ ဂျပန်အိုးပင်မှာ ဗိုလ်ဆွဲခဲ့ပြီးနောက် ထိပ်ဆုံး ၁၀ အဆင့်ရဲ့ တစ်နေရာကို ရောက်ရှိလာပြီး စပိန်မှ ပါဘလို ကာရင်နို ဘတ်စ်တာကတော့ ဒီစာရင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၉,၈၇၅
၂)  ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၇,၅၀၅
၃) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၆,၂၉၀
၄) အလက်ဇန်းဒါး ဇက်ဗဲယာ (ဂျာမနီ) ၄,၄၀၀
၅) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၄,၁၅၅
၆) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၄,၁၂၅
၇) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၉၂၅
၈)  စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၃,၅၄၀
၉) ဒီမီတိုဗ် (ဘူလ်ဂေးရီးယား) ရမှတ် ၃,၄၅၅
၁၀) ဒေးဗစ် ဂေါ်ဖင် (ဘယ်လ်ဂျီယံ) ရမှတ် ၃,၀၅၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required