နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ ရော်ဘင်

နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ ရော်ဘင်

နယ်သာလန်အသင်းခေါင်းဆောင် အာဂျန်ရော်ဘင်ဟာ လာမယ့်နွေရာသီ ရုရှားမြေမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၎င်းရဲ့နိုင်ငံအသင်းမှာ လွှဲချော်ခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ တရားဝင် အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ရော်ဘင်ဟာ အသင်းအတွက် ပထမပိုင်းမှာ ဆွီဒင်ဘက်ကို နှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း play-offs အဆင့် ကစားရန် မလုံလောက်ခဲ့ဘဲ နယ်သာလန်အသင်းတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားက “ဒါဟာ လွယ်ကူတ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် အသက် ၃၃ နှစ်ရှိပါပြီ။ အခုချိန်မှာတော့ ကျနော့်ကလပ်အတွက် အပြည့်အဝ အာရုံစိုက်ပေးရပါမယ်။”လို့ ပြောပါတယ်။

ရော်ဘင်ဟာ နိုင်ငံအသင်းနှင့် ပွဲဦးထွက်ကို ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ကစားခဲ့ပြီးနောက် ၉၆ ပွဲ ကစား၊ ၃၇ ဂိုး သွင်းယူခဲ့ပါတယ်။

သူဟာ နယ်သာလန်အသင်းရဲ့ ထာဝရဂိုးအများဆုံးသွင်းသူစာရင်းမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ရော်ဘင်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ တတိယနေရာနှင့် ၂၀၁၀ မှာ စပိန်ကို ဗိုလ်ပွဲမှာ ရှုံးနိမ်ခံတဲ့ နယ်သာလန်အသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required