အိမ်ကွင်းတွင် ကာဂျစ်စတန်အသင်းနှင့် ၂ ဂိုးစီသရေကျခဲ့ပြီးနောက် မြန်မာနည်းပြ ဂတ်ဆီဇီက အာရှခြေစစ်ပွဲအောင်မြင်ရန်အာမခံချက်မပေးနိုင်ကြောင်းပြောဆိုခဲ့သည်။
မြန်မာအသင်းသည် ကာဂျစ်စတန်နှင့်ပွဲတွင်ခြေစွမ်းအသာဖြင့်ကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုး၂ဂိုးပေးခဲ့ရကာ နောက်မှလိုက်ကစားခဲ့ရသည်။
မြန်မာအသင်းအတွက်ချေပဂိုးများကို တိုက်စစ်မှူး အောင်သူနှင့်ကျော်ကိုကိုတို့ကသွင်းယူပေးခဲ့ကြသည်။ ကျော်ကိုကို၏ဒုတိယပိုင်း နာကျင်အချိန်ပိုနောက်ကျချေပဂိုးကြောင့်သာ သရေကျခဲ့ရခြင်းဖြစ်သည်။
''ခြေစစ်ပွဲအောင်မြင်ဖို့ဆိုတာတော့ အာမခံချက်မပေးနိုင်ပါဘူး။ ဘောလုံးဆိုတာက သေချာပေါက် ဘာမှမပြောနိုင်ပါဘူး။ အကောင်းဆုံးတော့ကြိုးစားသွားမှာပါ'' ဟု ဂတ်ဆီဇီက ပြောဆိုခဲ့သည်။
ပွဲစဉ်သုံးပွဲ ကစားပြီးချိန်တွင် အိန္ဒိယက ၉ မှတ် ကာဂျစ်စတန်နှင့်မြန်မာက ၄ မှတ်စီရှိထားပြီး မကာအိုက အမှတ်မရရှိသေးပေ။