My Chat ကိုယ်စားပြု ကျားရုပ်အတွက် သုံးစွဲသူများကိုယ်တိုင် အမည်ပေးနိုင်

My Chat ကိုယ်စားပြု ကျားရုပ်အတွက် သုံးစွဲသူများကိုယ်တိုင် အမည်ပေးနိုင်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာဘာသာ အထူးပြုထားသည့် အပြန်အလှန် မက်ဆေ့ချ်ပို့နိုင်သည့် My Chat Application အတွက် ကိုယ်စားပြုမည့် ကျားရုပ်ကို ဖန်တီးထားရာ ယင်းအရုပ်အတွက် အသုံးပြုသူများ ကိုယ်တိုင် နာမည်ပေးနိုင်မည် ဖြစ်သည်ဟု My Chat ဖန်တီးသည့် My Squar က သတင်းထုတ်ပြန်သည်။

My Chat အကောင့်ရှိသူ မည်သူမဆို အဆိုပါ ကျားရုပ်အတွက် နာမည် ပေးနိုင်ပြီး သြဂုတ် ၂၆ ရက် နောက်ဆုံးထား၍ ပေးလိုသည့် အမည်ကို ပေးပို့ရမည်ဖြစ်ကာ ပို့ထားသည့် နာမည်များကို ဖေ့စ်ဘွတ်တွင် တင်ထားမည်ဖြစ်သဖြင့် သြဂုတ် ၂၆ ရက်မှ စတင် မဲပေးနိုင်မည် ဖြစ်သည်။

ယှဉ်ပြိုင်သူများထဲမှ မဲအရေအတွက် အများဆုံး ရရှိသူကို ဆုချီးမြှင့်မည်ဖြစ်ပြီး သုံးဦးကို Samsung Galaxy S6 ချီးမြှင့်မည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly