ကမ္ဘာ့ဖလားခြေစစ်ပွဲ ၁၆ သင်းအောင်မြင်ထားပြီး ၁၅ နေရာ ကျန်ရှိနေသေး

ကမ္ဘာ့ဖလားခြေစစ်ပွဲ ၁၆ သင်းအောင်မြင်ထားပြီး ၁၅ နေရာ ကျန်ရှိနေသေး

သြဂုတ်လ ၁၀ ။          ။ သြဂုတ်လ ၁၀ ရက်နေ့အထိ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းပေါင်း ၁၆ သင်းရှိလာခဲ့ပြီ ဖြစ်သည်။

ယမန်နေ့ညက အိုက်စလန်နှင့် ဆာဘီးယားတို့ ခြေစစ်ပွဲထပ်မံအောင်မြင်ခဲ့ကြသည့်အတွက် အိမ်ရှင် ရုရှအသင်းအပါအဝင်ဆိုလျှင် ပြိုင်ပွဲဝင်ခွင့်ရရှိထားသည့်အသင်းပေါင်းမှာ ၁၇ သင်းဖြစ်ရှိလာပြီဖြစ်ပြီး လက်ကျန် ၁၅ နေရာ ကျန်ရှိနေသေးသည်။

လက်ရှိတွင် ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းများမှာ တောင်အမေရိကဇုန်မှ ဘရာဇီး၊ ကွန်ကာကပ်ဇ်ဇုန်မှ မက္ကဆီကိုနှင့်ကော်စတာရီကာ၊ အာရှဇုန်မှ အီရန်၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယားနှင့်ဂျပန်၊ အာဖရိကဇုန်မှ နိုက်ဂျီးရီးယားနှင့်အီဂျစ်၊ ဥရောပဇုန်မှ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ ပိုလန်၊ အိုက်စလန်နှင့် ဆားဘီးယားတို့ ဖြစ်သည်။

လက်ကျန် ၁၅ နေရာတွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်နိုင်သည့်နေရာက ၉ နေရာကျန်ရှိနေပြီး Play Off မှ အောင်မြင်နိုင်သည့်နေရာက ၆ နေရာ ကျန်နေသေးသည်။

ဥရောပဇုန်တွင် တိုက်ရိုက် ၂ နေရာနှင့် Play Off  ၄ နေရာ၊ တောင်အမေရိကဇုန်တွင် တိုက်ရိုက် ၃ နေရာနှင့် Play Off ၁ နေရာ၊ အာဖရိကတွင် တိုက်ရိုက် ၃ နေရာ၊ ကွန်ကာကပ်ဖ်တွင် တိုက်ရိုက် ၁ နေရာနှင့် Play Off ၁ နေရာ၊ အာရှနှင့် သမုဒ္ဒရာပိုင်းတွင် Play Off ၁ နေရာစီ ကျန်ရှိနေသည်။

ယနေ့ညတွင် ဥရောပဇုန်မှအသင်းများ ကစားကြမည်ဖြစ်ပြီး တိုက်ရိုက် ၂ နေရာနှင့် Play Off ၄ နေရာအတွက် အသင်းရှစ်သင်း၏စာရင်း ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ဥရောပဇုန်မှ အကောင်းဆုံးအုပ်စုဒုတိယရသည့် ၈ သင်းသည် မဲပြန်နှိုက်ပြီး Play Off ၄ နေရာအတွက် ကစားရမည်ဖြစ်သည်။ လက်ကျန် Play Off ၂ နေရာအတွက်မူ အာရှနှင့်ကွန်ကာကပ်ဖ်၊ တောင်အမေရိကနှင့်သမုဒ္ဒရာပိုင်းဇုန်တို့ ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly