Ballon d’Or ပမာဏစာရင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ အကြိမ်အများဆုံးပါ၀င်

Ballon d’Or ပမာဏစာရင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ အကြိမ်အများဆုံးပါ၀င်

အောက်တိုဘာ ၁၀ ။           ။ 2017 Ballon d’Or ဆုအတွက် ပဏာမကစားသမား ၃၀ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ကမ္ဘာ့ထိပ်တန်းကစားသမားများ အားလုံးပါဝင်လာခဲ့ပါတယ်။

အဲ့ဒဲစာရင်းမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့လည်း ပါဝင်ခဲ့ပြီး သူတို့နှစ်ဦးဟာ Ballon d’Or ပမာဏစာရင်းမှာ အကြိမ်အများဆုံးပါဝင်နိုင်သူတွေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ရီးယဲလ်နဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ Ballon d’Or ပမာဏစာရင်းမှာ ၁၄ ကြိမ်မြောက် ပါဝင်လာတာဖြစ်ပြီး မက်ဆီကတော့ ၁၂ ကြိမ်မြောက် ပါဝင်လာတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ဘရာဇီးကွင်းလယ်ကစားသမား ကာကာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိပြီးတဲ့နောက် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကပဲ တစ်လှည့်စီ ဆုရယူခဲ့ကြပါတယ်။ မက်ဆီက ၅ ကြိမ် ရရှိခဲ့ပြီး စီရော်နယ်ဒိုက ၄ ကြိမ် ရရှိထားပါတယ်။

ဒီနှစ်မှာလည်း စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိဖို့ ရေပန်းစားလျက်ရှိနေပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပမာဏရွေးချယ်ထားတဲ့ ကစားသမား ၃၀ စာရင်းမှာ ပါဝင်လာတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘက်ပီဟာ Ballon d’Or သမိုင်းမှာ အသက်အငယ်ဆုံး ပမာဏစာရင်းဝင် ကစားသမားအဖြစ် မှတ်တမ်းဝင်လျက် ရှိနေပါတယ်။

ရည်ညွှန်း ဝီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required