ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း (Sleep Paralysis)

ရေးသားသူ Poe Ei Win 
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဘီလူးစီးတယ်ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။ လူက နိုးနေရက်နဲ့ ခြေတွေလက်တွေ လှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့ လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။

Sleep Paralysis ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ မူမမှန်တဲ့ရောဂါတစ်မျိုးမျိုးရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်။ ISP က လူတစ်ယောက်တစ်သက်မှာ တစ်ခါလောက်ပဲကြုံတတ်ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။

ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီသဘောတရားအရပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ဦးနှောက်ရဲ့တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။ တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေအလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်ကထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေဖြစ်ပြီး REM ကတော့လုံးဝအိပ်ပျော်သွားတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာလူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိပါတယ်။ အိပ်မက်ထဲမှာဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိပါလိမ့်မယ်။ အဲဒီတော့အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်းအပြင်မှာလျှောက်မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေအိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်းအပြင်မှာလိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို လုံးဝမလှုပ်တော့အောင် လှမ်းပိတ်ထားလိုက်ပါတယ်။ ပြီးတော့မှနိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်ကထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။

ဦးနှောက်က REM အဆင့်မှာထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင်ထိန်းနိုင်တဲ့ကြွက်သားတွေကိုသာ သေအောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူးစီးတဲ့အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ကြွက်သားတွေကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။ အဲလိုဘီလူးစီးတယ်ဆိုတဲ့အခြေအနေဖြစ်ပေါ်ရတာကတော့ ခုနကပြောထားတဲ့ REM အဆင့်ကနေမလျော့ဘဲ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲအလုပ်လုပ်ပုံမှားယွင်းတာကြောင့် နိုးသွားပြီးလူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်ကအိပ်နေတယ်လို့ပဲဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်ခါ အတော်ကြီးကိုစိတ်ဒုက္ခရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်ကလူတစ်ယောက်ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေပာာအိပ်မက်လိုဖြစ်နေပေမယ့်တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။

အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန်တာ လွန်ကဲပြီးဒီအခြေအနေပာာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ်လို့ နောက်ဆက်တွဲဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့လူတွေပာာ အဲလိုလှုပ်လို့မရတဲ့အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံခံစားခဲ့ရတယ်လို့ထင်ပြီး နိုးလာရင်တောင်ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။ ဒီလိုဦးနှောက်ကဘာသာပြန်မှားယွင်းတာပာာ ဦးနှောက်ကိုအောက်ဆီဂျင်သိပ်မရောက်တဲ့အခြေအနေတွေ ဥပမာ လေဝင်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါကအလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့မရတဲ့အခြေအနေထိဖြစ်လာပါတယ်။ ဘီလူးစီးခြင်း (Sleep paralysis)ပာာအသက်အန္တရာယ်ဖြစ်လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။

ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကိုပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းကယူဆလာတဲ့အချက်က အတော်မှန်နေတာတွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျရှင်းတဲ့အခါမှာလည်း အင်မတန်မှန်နေပါတယ်။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဒာကိုယ်အနေအထားကြောင့် လျှာဒါမှမပာုတ်အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ ပုံမှန်အိပ်တာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်တာနဲ့ အိပ်ရာကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်းသန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် ဘီလူးစီးခြင်း (Sleep Paralysis) ကိုကာကွယ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly