ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား (၁၀) မျိုး

ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား (၁၀) မျိုး

ရေးသားသူ Dr. Khin Yin Kyay 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

လူတွေဟာ ကလေးရဖို့ ကြိုးစားစဉ်မှာ အမှားတော်တော်များများကို လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဖို့အတွက် ပိုပြီးစိတ်ဖိစီးကာ ခက်ခဲနေနိုင်ပါတယ်။

၁ ။ သားဥကြွေသော အချိန်ကို မသိရှိခြင်း။

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာ စက်ဝန်းကာလ ၂၈ရက် ရှိတယ်လို့ လိင်မှုဆိုင်ရာ ပညာပေးအချို့က ဖော်ပြလေ့ရှိပါတယ်။ သို့သော် အချို့ အမျိုးသမီးများမှာတော့ ဒီစက်ဝန်းဟာ ပိုပြီး ရှည်နိုင်သလို ပိုပြီးလည်း တိုနိုင်ပါတယ်။ ဒီလိုရာသီစက်ဝန်း အချိန်တွေဟာ သင့်အတွက် လိုအပ်လို့လားလို့ မတွေးပါနဲ့။ တကယ်လို့သင်ဟာ သားဥကြွေတဲ့  ရက်အတိအကျကို သိချင်တယ်ဆိုရင် သင့်ရဲ့ ဓမ္မတာ စလာတဲ့ ရက်မှ အနောက်ကို ၁၄ ရက် နောက်ပြန်ဆုတ်ပြီး ရေတွက်လိုက်ပါ။ ၎င်းရက်ဟာ သားဥကြွေတဲ့ ရက် ဖြစ်ပါတယ်။ 

၂။ အထူးကုဆရာဝန်ဆီသို့ စောစောသွားပါ။

တကယ်လို့ သင်ဟာ အသက် ၃၅ နှစ်အောက်ဖြစ်ပြီး အရမ်းငယ်သေးတယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့ရာ တစ်နှစ်လောက် စောင့်ခြင်းက ပုံမှန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အသက်ဟာ ၃၅ နှစ်ထက် ပိုကြီးနေပြီဆိုရင်တော့ ၆ လကြာပြီးတဲ့နောက် ကိုယ်ဝန်မရတဲ့အခါ အထူးကုဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။ တကယ်လို့ စောင့်နေမယ်ဆိုရင်တော့ ကြာလေလေ သင့်အတွက် ပိုဆိုးလေလေပဲ ဖြစ်ပါလိမ့်မယ်။

၃။ အထူးကုဆရာဝန်နဲ့ပြဖို့ အချိန်ကို စောင့်ဆိုင်းနေခြင်းမျိုး မပြုလုပ်ပါနဲ့။

တကယ်လို့ သင်ဟာ ရာသီစလာတဲ့ အချိန်မှာ အရမ်းနာကျင်ပြီး တစ်ခါတစ်လေမှာ ရာသီစက်ဝန်းဟာလည်း ၂၅ရက် ထက် တိုတောင်းခြင်း သို့မဟုတ် ၃၅ ရက်ထက် ပိုရှည်ကြာခြင်း ဖြစ်ပေါ်လာပါက ရောဂါရှိလျှင် တတ်နိုင်သမျှ အစောဆုံး စစ်ဆေးတွေ့ရှိဖို့ရာအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါ့အပြင် ဆေးကုသမှုကို ခံယူသင့်ပါတယ်။ 

၄။ ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထများကို မပြုလုပ်ပါနဲ့။

သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ ကြုးိစားနေချိန်မှာ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း သို့မဟုတ် တခြားဆေးများသုံးစွဲခြင်းကဲ့သို့ မကောင်းသော အလေ့အကျင့်တွေကို မပြုလုပ်သင့်ပါဘူး။ သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ဒီဘဝနေထိုင်မှု အလေ့အထများက လွှမ်းမိုးနေတယ် ပါဝင်နေတယ်ဆိုတာကို သတိရပါ။ အရက် သို့မဟုတ် ကဖင်းဓာတ်ပါသော အစားအသောက်များကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ကာ သင့်တင့်မျှတတဲ့ အစားအသောက်ကို စားပေး သင့်ပါတယ်။ 

၅။ ကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများစေတဲ့ ကိုယ်နေဟန်ထားဆိုပြီး စိတ်ထဲစွဲမနေပါနဲ့။

တကယ်လို့ သင်ဟာကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများစေတဲ့ ကိုယ်နေဟန်ထားဆိုပြီး  လေထဲကို သင့်ခြေထောက်တွေ မြှောက်ထားခြင်း သို့မဟုတ် ကိုယ်ဝန် ရရန် လိင်ဆက်ဆံစဉ် ခန္ဓာကိုယ်ကို ကွေးညွှတ် ထားခြင်း သို့မဟုတ် ခန္ဓာကိုယ်ကို လိမ်ထားခြင်း စတာတွေကို ပြုလုပ်ခြင်းဟာ အချိန်ဖြုန်းတာ သက်သက်ပဲ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ သုက်ရည်ဟာ လွှတ်ပြီးပြီးခြင်းမှာကတည်းက အမျိုးသမီးရဲ့ မမျိုးဥဆီသို့ ပြေးသွားပါတယ်။ ဒါကြောင့် သင့်ရဲ့ ကိုယ်ဝန်ရနိုင်ချေဟာ ကိုယ်နေဟန်ထား ပုံစံများထက်စာရင် အခြားသော အချက်အလက်တွေပေါ်ပဲ မူတည်ပါတယ်။

၆။ မမျိုးဥကြွေတယ်လို့ ယူဆတဲ့ ရက်အတိအကျရောက်မှသာ လိင်ဆက်ဆံခြင်းကို မပြုလုပ်သင့်ပါဘူး။

အမျိုးသမီးတွေဟာ ဓမ္မတာ စက်ဝန်း ၂၈ရက် ရှိပါတယ်။ မျိုးဥကြွေတဲ့ အချိန်ဟာ သင်ထင်ထားတဲ့ အချိန်ထက် ၁ ရက် သို့မဟုတ် ၂ရက် စောပြီး ကြွေနိုင်ပါတယ်။ အချို့သော သတင်းအချက်အလက်များအရ သင်ဟာ မျိုးဥမကြွေခင် ၄ ရက်ကနေ ၆ရက် ကြားလိင်ဆက်ဆံခြင်းဟာ ကလေးရဖို့ ပိုကောင်းစေတယ်လို့ ဆိုကြပါတယ်။ 

၇။ နေ့စဉ်လိင်ဆက်ဆံခြင်းကိုလည်း မပြုပါနဲ့။ 

လိင်ဆက်ဆံတဲ့ အရေအတွက် များပြားလာခြင်းဟာ အမျိုးသားများရဲ့ သုက်ပိုးအရေအတွက်ကို လျော့ကျစေကာ မကောင်းပါဘူး။ တကယ်လို့ သင်ဟာ မမျိုးဥကြွေရက်ကို အချိန်တွက်တာ မှားနေပြီ ဆိုရင်တော့ နေ့တိုင်းလိင်ဆက်ဆံမယ့် အစား တစ်ရက်ခြားဆီ လိင်မှု ကိစ္စကို ပြုလုပ်နိုင်ပါတယ်။

၈။  ကိုယ်ဝန်မရခြင်းပြဿနာဟာ အမျိုးသားနှင့်လည်း သက်ဆိုင်တယ်ဆိုတာ သတိရပါ။

အချို့သော သတင်းအချက်အလက်များအရ ကိုယ်ဝန်မရခြင်း ပြဿနာရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးများထက်စာရင် အမျိုးသားကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ ကြိုးစားတာတောင် ၁ နှစ်ကြာပြီးတဲ့ နောက်မရခဲ့ရင် ပြဿနာတွေကို ဖြေရှင်းဖို့ရာအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ 

၉။  ကိုယ်ဝန်ရဖို့အတွက် ကိုယ်ဝန်ဆောင် အားဆေးများသောက်သုံး ခြင်းက ပိုကောင်းတယ်လို့ ယုံကြည်ခြင်းဟာလည်း မဟုတ်ပါဘူး။

သင်ဟာ နေ့စဉ်ကိုယ်ဝန်ဆောင် အားဆေးတွေကို သောက်ပေးရုံမျှနဲ့ ကလေးရဖို့ အခွင့်အလမ်း ပိုမများလာပါဘူး။ ကလေးတွင် ကျောရိုးမ ဆိုင်ရာ ရောဂါပြဿနာတွေ မဖြစ်လာအောင်တော့ ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ ဖောလစ်အက်စစ်ကို သောက်ပေးနိုင်ပါတယ်။

၁၀။ ကလေးမယူသေးခင် အချိန်ကြာရှည်စွာ ကြိုတင်စီစဉ်ခြင်းများ ပြုလုပ်ခြင်း။

ကလေးမယူခင် သင်ဟာ ကလေးရှေ့ရေးအတွက် အလုပ်အကိုင်သစ် စတင်ရှာဖွေခြင်း၊ ဘဏ်တွင် ငွေများစွာ စုခြင်း၊ အိမ်အကြီးကြီးတစ်လုံးဝယ်ခြင်း စတဲ့ အရာတွေအတွက် ကြိုးစားကောင်း ကြိုစားနိုင်ပါတယ်။ သို့သော်ထိုသို့ ကြိုးစားရင်း အချိန်အကြာကြီး မကုန်ဆုံးသင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ မျိုးအောင်နိုင်စွမ်း လျော့ကျ လာတာကို သိထားသင့်ပါတယ်။

တတ်နိုင်သမျှ သဘာဝက ရတဲ့ အာဟာရဓာတ် မျှတစွာပါဝင်သော အစားအသောက်တွေ၊ အစေ့အဆံကြမ်းတွေ၊ အသီးအနှံ ၊ အသီးအရွက်တွေနဲ့ အဆီမပါသော အသား စတာတွေကို သင့်တင့်မျှတစွာ စားပေး သင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးခြင်းနှင့် လုံလောက်သော အနားယူ အိပ်စက်ခြင်းဟာလည်း သင့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး မျိုးအောင်ဖို့အတွက် အကောင်းဆုံး အခြေအနေကို ပေးစွမ်းပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly