နာမည်ကြီးတေးစီးရီးထုတ်လုပ်သူ Dr. Luke နှင့် အလုပ်အတူတွဲလုပ်ဖို့ ငြင်းဆန်ခဲ့သည့် Pink

နာမည်ကြီးတေးစီးရီးထုတ်လုပ်သူ Dr. Luke နှင့် အလုပ်အတူတွဲလုပ်ဖို့ ငြင်းဆန်ခဲ့သည့် Pink

 

နာမည်ကျော်အမေရိကန်အဆိုတော် Pink သည် အဆိုတော် ကီရှာနှင့် အမှုရင်ဆိုင်နေရသည့် နာမည်ကြီး တေးစီးရီးထုတ်လုပ်သူ Dr.Luke နှင့် အလုပ်အတူတွဲလုပ်ဖို့ ငြင်းဆန်ခဲ့သည်။

Just Give Me A Reason သီချင်းပိုင်ရှင် Pink သည် နယူးယောက်တိုင်းမ်သတင်းစာနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးထဲ၌ သူမသည် Dr.Luke နှင့်အတူ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့သည့် သူမ၏စတူဒီယို အယ်လ်ဘမ် “I’m Not Dead” တွင် အလုပ်အတူတွဲလုပ်ခဲ့ဖူးသော်လည်း သူနှင့်နောက်တစ်ကြိမ်ပြန်လည် ပူးပေါင်းဖို့အတွက် ကိုမူ ငြင်းဆန်ခဲ့သည်။

Pink က Dr.Luke သည် လူကောင်းတစ်ဦးမဟုတ်ကြောင်း၊ စီးပွားရေးကိုလည်း ကောင်းကောင်းမလုပ်တတ် ကြောင်း၊ ကြင်နာတတ်သော လူတစ်ယောက်မဟုတ်ကြောင်းနှင့် အခွင့်အရေးရရှိသည့် အချိန်မှာတောင်မှ မှန်ကန်သော လုပ်ရပ်ကို လုပ်ဆောင်တတ်သူမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုတော်ကီရှာနှင့် အမှုရင်ဆိုင်နေရသော Dr.Luke ၏ ကိစ္စနှင့်ပက်သက်၍ သူမက ကီရှာနှင့် သူ၏ကြားမှ ပြသနာကို သေချာမသိသော်လည်း Dr.Luke အတွက်တော့ စိတ်မကောင်းမဖြစ်မိကြောင်း Pink က ပြောဆိုခဲ့ သည်။

Dr.Luke နှင့်အတူ ပေါက်သီချင်းများ အတူတကွထုတ်လုပ်ခဲ့ဖူးသော အဆိုတော်ကယ်လီကလာ့ခ်ဆန်ကလည်း Dr.Luke သည် လူကောင်းတစ်ဦးမဟုတ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

လက်ရှိအချိန်တွင် Dr.Luke သည် လွန်ခဲ့သော ၂၀၁၄ခုနှစ်က သီချင်းများအတွက် အလုပ်အတူတွဲလုပ်ခဲ့စဉ် အတွင်း ကီရှာအပေါ် အနိုင်ကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ကာယကံရှင်၏ တရားစွဲဆိုခြင်းကိုခံနေရပြီး အမှုရင်ဆိုင်နေရသူဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required