ကာဂျစ်စတန်နှင့် ပွဲမှာ ခြေစစ်ပွဲအောင်ရန် နှစ်သင်းစလုံးအတွက် အရေးပါဟု ဂတ်ဇီဆီ သုံးသပ်

ကာဂျစ်စတန်နှင့် ပွဲမှာ ခြေစစ်ပွဲအောင်ရန် နှစ်သင်းစလုံးအတွက် အရေးပါဟု ဂတ်ဇီဆီ သုံးသပ်

အောက်တိုဘာ ၉၊ ရန်ကုန်။          ။ အာရှဖလားခြေစစ်ပွဲအဖြစ်ကစားမည့် ကာဂျစ်စတန်နှင့်ပွဲမှာ ခြေစစ်ပွဲအောင်ရန်နှစ်သင်းစလုံးအတွက် အရေးပါသော ပွဲဖြစ်သည်ဟု မြန်မာနည်းပြ ဂတ်ဇီဆီက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအသင်းနှင့်ကာဂျစ်စတန်အသင်းတို့မှာ အုပ်စုပွဲစဉ်နှစ်ပွဲကစားထားအပြီးတွင် တစ်ပွဲစီနိုင်၊ တစ်ပွဲစီရှုံးထားပြီး ရမှတ်တူ ၃ မှတ်စီဖြင့် အုပ်စုဒုတိယနှင့်တတိယနေရာများတွင်အသီးသီးရပ်တည်နေသည်။ ဒီပွဲစဉ်က နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်ပါ ဒီပွဲမှာ အနိုင်ရရှိတဲ့ အသင်းက ခြောက်မှတ် ရရှိပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ကောင်းဖြစ်လာမှာပါ။ ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲကစားထားပါတယ်။ ထိုင်းအသင်းနဲ့ ပွဲက အမှားတွေကို ကျွန်တော်တို့ ပြင်ဆင်ပြီး ကာဂျစ်စတန်အသင်းနဲ့ ပွဲမှာ ပြင်ဆင် ကစား သွားမှာပါ။ ဟု မြန်မာနည်းပြ ဂတ်ဇီဆီကပြောသည်။

မြန်မာအသင်းနှင့်ကာဂျစ်စတန်အသင်းတို့မှာ ကာဂျစ်စတန်နိုင်ငံတွင် ပထမအကျော့ပွဲစဉ် အဖြစ်ကစားရမည်ဖြစ်သော်လည်းလုံခြုံရေးအကြောင်းပြချက်ဖြင့် ကာဂျစ်စတန်ဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်ရွှေ့ဆိုင်းခဲ့ပြီး ယခုပွဲစဉ်အပြီးတွင် ယင်းပွဲစဉ်ကို ပြန်လည်ကစားရန် ဆွေးနွေးမည်ဖြစ်သည်။ ဒီပွဲစဉ်ကို အနိုင်ရဖို့ကို အာရုံစိုက်ပြီး ကစားသွားမှာပါ။ မြန်မာအသင်းရဲ့ ပွဲစဉ်တွေကိုလည်း အင်တာနက်စာမျက်နှာတွေက တစ်ဆင့် လေ့လာထားပါတယ်။ ကျွန်တော်တို့အတွက် လေ့ကျင့်ချိန် ၁လ ကျော်လောက် ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာ လာရောက် ကစားရတာ လည်း အဆင်ပြေပါတယ်။ ဟု ကာဂျစ်စတန်နည်းပြ ကာဂျစ်ရီပတ်ဘလစ်ကလည်း ပြောသည်။

မြန်မာအသင်းနှင့်ကာဂျစ်စတန်အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက်၊ ည ၇နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly