လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရသည့် အဆိုတော်နယ်လီ

လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရသည့် အဆိုတော်နယ်လီ

 

အမေရိကန်ရက်ပ်အဆိုတော် နယ်လီသည် ဆီယက်တဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် နယ်လှည့်ခရီးစဉ်အတွင်း အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရသည်။

ရဲတပ်ဖွဲ့၏အဆိုအရ အမျိုးသမီးတစ်ဦးသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည်ဟု အရေးပေါ်ဌာနသို့ ဖုန်းဆက်တိုင်ကြားခဲ့သောကြောင့် အဆိုတော်နယ်လီကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ထိုစွပ်စွဲချက်များအားလုံးကို နယ်လီက ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ပြီး ယခုအခါတွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။

“ကျနော်တရားစွဲခံရတာမဟုတ်ပါဘူး။ ဒါကြောင့် အာမခံမလိုပါဘူး” ဟု နယ်လီက သူ၏တွစ်တာ၌ ရေးသားခဲ့ သည်။

ဆက်လက်ပြီး “ ကျနော်အခုပြန်လွတ်လာပါပြီ။ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကို ဆိုင်းငံ့ထားပါတယ်” ဟု ရေးသားခဲ့သည်။

ဒါ့အပြင်နယ်လီက သူသည်အလွန်ထိတ်လန့် တုန်လှုပ်သွားခဲ့မိကြောင်းနှင့် မမှန်သောစွပ်စွဲချက်များဖြင့် ပစ်မှတ် ထား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယ်လီက “ကျနော် လုံးဝကိုအပြစ်ကင်းပါတယ်။ စုံစမ်းမှုတွေပြီးသွားလို့ အဖြေထွက်လာတဲ့အခါမှာ ကျနော်ဟာ မှားယွင်းစွပ်စွဲခံရတယ်ဆိုတာကို အားလုံးသိသွားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။

အမေရိကန်ရက်ပ်အဆိုတော် နယ်လီသည် သူ၏ပေါက်သီချင်းများဖြစ်သော Hot in here ၊ Dilemma များနှင့် ကျော်ကြားသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ၂၀၁၃ခုနှစ်က သူ၏ စတူဒီယိုအယ်လ်ဘမ်ကို နောက်ဆုံးထွက်ရှိထား သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required