မြန်မာပြည်ရှိထိပ်တန်းကုမ္ပဏီကြီး ၂၅ ခုကျော်ကနေ ကျွမ်းကျင်အလုပ်အကိုင်များ ခေါ်ယူသွားမယ့် ပြပွဲကြီး

မြန်မာပြည်ရှိထိပ်တန်းကုမ္ပဏီကြီး ၂၅ ခုကျော်ကနေ ကျွမ်းကျင်အလုပ်အကိုင်များ ခေါ်ယူသွားမယ့် ပြပွဲကြီး

 

အောက်တိုဘာ ၂ ရက်နေ့၊ ၂၀၁၇၊ ရန်ကုန်၊ မြန်မာ ။               ။ ၂၀၁၇ ခုနှစ်အတွက် မန္တလေးအလုပ်အကိုင်ပြပွဲကြီးကို JobNet.com.mm က ဦးဆောင်၍ မန္တလေးမြို့ ဘူတာကြီးအပေါ်ထပ်ရှိ ဟိုတယ် Marvel တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကြီးတွင် ဘဏ်နှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု၊ စာရင်းအင်းစီမံခန့်ခွဲမှု၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ပရော်ဖက်ရှင်နယ်များကို မြန်မာပြည်ရှိထိပ်တန်းကုမ္ပဏီ ကြီး ၂၅ ခုကျော်မှ တိုက်ရိုက်ခေါ်ဆိုသွားမည်ဖြစ်သည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးသော မန္တလေးမြို့မှာ ပြုလုပ်သွားမယ့် အလုပ် အကိုင်ပြပွဲကြီး ဖြစ်တဲ့အတွက် တကယ့်ကိုစိတ်လှုပ်ရှားမိပါတယ်။   ပြည်တွင်းမှာရှိတဲ့ မြန်မာနဲ့ နိုင်ငံတကာက ထိပ်တန်းကုမ္ပဏီတွေကို မန္တလေးမြို့ခံ ကျွမ်းကျင်ပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ်တွေနဲ့ မိတ်ဆက်ပေးခွင့်ရတာတကယ်ပဲ ဝမ်းသာပါတယ်။ ဒီထိပ်တန်းကုမ္ပဏီတွေဟာရန်ကုန်မှာ ဖြစ်ဖြစ် မန္တလေးမှာပဲဖြစ်ဖြစ် အလုပ်လုပ်ကိုင်လိုသူတွေအတွက် အခွင့်အလမ်းတွေ လာပြီးဖွင့်ပေးတာပါ။”ဟုJobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောသည်။

ဆက်လက်၍ ၎င်းက “ကျွန်တော်တို့အနေနဲ့ ဒီအလုပ်အကိုင်ပြပွဲမှာတိုက်ရိုက်ချက်ချင်းအင်တာဗျူးခေါ်ပြီးချက်ချင်းအလုပ်အကိုင်တွေ ခန့်ထားပေးမှာဖြစ်တဲ့ အတွက် အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ CV တွေကိုအကောင်းဆုံး ပြင်ဆင်လာပြီး များများသယ်လာဖို့ ပြောကြားလိုပါတယ်။”ဟုပြောသည်။

JobNetက ပြုလုပ်သည့် အဆိုပါအလုပ်အကိုင်ပြပွဲအတွင်း ပြပွဲအခန်းငယ်များသို့ အလုပ်အကိုင် ရှာဖွေသူများကတိုက်ရိုက် အလုပ် များလျောက် ထား နိုင်ပြီးအင်တာဗျူး အခန်းငယ်များထားရှိပေးထားကာ အလုပ်ခေါ်လိုသူကုမ္ပဏီများကချက်ချင်းအင်တာဗျူး၍ အလုပ်ခန့်ထားပေးမည် ဖြစ်သည်။ ကုမ္ပဏီအများစုသည် စာရင်းကိုင်၊ ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ Customer support၊ အရောင်းနှင့် မားကတ်တင်းပရော်ဖက်ရှင်နယ်များကို ရှာဖွေနေကြပြီး၊ အချို့သောကုမ္ပဏီများသည် နည်းပညာရှင်များနှင့် IT ကျွမ်းကျင်လုပ်သားများအလိုရှိနေကြသည်။ ထို့အပြင် HR နှင့်  စီမံခန့်ခွဲမှု အပိုင်းတွင်လည်း အလုပ်ခေါ်ဆိုလိုမှုများ ရှိနေကြပြီးJobNet မှ ပြုလုပ်ခဲ့သောအလုပ်အကိုင်ပြပွဲတိုင်းတွင် သက်ဆိုင်ရာနယ်ပယ်များမှ အလုပ်အကိုင်ရှာဖွေသူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အလုပ်အကိုင်ရှာဖွေသူတစ်ယောက် အနေနဲ့ ဘယ်လိုတက်ရောက်နိုင်မလဲ

သင်သည် ရွှေမန္တလေးမြို့ခံတစ်ယောက်ဖြစ်ပြီး မန္တလေးမြို့တွင်း၊ ဒါမှ မဟုတ် ရန်ကုန်မြို့မှာအလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စား နေပြီဆိုရင်တော့ 2017 Mandalay Job Fairတွင် ဝင်ရောက်၍ စာရင်းပေးသွင်းနိုင်ပြီးJobNetရဲ့ Websiteမှာလည်းသင်ရဲ့ CV ကိုဝင်ရောက် ဖြည့်နိုင်ပြီး သင်စိတ်ဝင်စားတဲ့ အလုပ်အကိုင်တွေကို Email ကနေ အမြဲစောင့်ကြည့်ရယူနိုင်ပါတယ်။

အလုပ်အကိုင်ခေါ်ယူလိုတဲ့ မန္တလေးမြို့ခံကုမ္ပဏီများအတွက်

မန္တလေးမြို့ခံကုမ္ပဏီတွေအနေနဲ့လည်းအလုပ်အကိုင်ခန့်ထားလိုပြီးတကယ့်လုပ်ငန်းခွင် ကျွမ်းကျင်သူ ၃၀၀၀ လောက်နဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေးရရှိလိုပါက[email protected]သို့ Email ပေးပို့ ဆက်သွယ်၍ ဖြစ်စေ၊ ဖုန်းနံပါတ် 099 544 591 (77-79)သို့ဖြစ်စေဆက်သွယ်ပြီးအလုပ်အကိုင်ပြခန်းနေရာကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ပလက်တီနမ် စပွန်ဆာနဲ့ ရွှေ စပွန်ဆာနေရာတွေ အားလုံးရောင်းထွက်ထားပေမယ့် နေရာကောင်း ပြခန်းနေရာနည်းနည်းကျန်သေးတာကြောင့် ခုပဲဖုန်းခေါ်ဆိုလိုက်ပါ။

ကူညီပံ့ပိုးပေးသောကုမ္ပဏီများကျေးဇူးတင်ခြင်း

၂၀၁၇ မန္တလေးအလုပ်အကိုင် ပြပွဲကြီးဖြစ်ပေါ်လာစေရန်နှင့် မန္တလေးဒေသအတွက် အလုပ်ကိုင်အခွင့်အလမ်းများဖန်တီးနိုင်စေရန် ပလက်တီနမ် စပွန်ဆာများအဖြစ် ပံ့ပိုးကူညီကြသော ယူနိုင်တက်အမရဘဏ်၊ Mega Lifesciences နှင့် Pahtama Group နှင့် ရွှေစပွန်ဆာများဖြစ်ကြသောSP Bakery နှင့် Myanmar Breweryကုမ္ပဏီများအားJobNet.com.mmအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

######

www.jobnet.com.mmအကြောင်း         “အကောင်းမွန်းဆုံးသောအလုပ်အကိုင်များအတွက် !မြန်မာ့နံပတ် (၁) အလုပ်အကိုင်ရှာ ဖွေရေးဝဘ်ဆိုဒ်ဖြစ်တဲ့ JobNet.com.mmမှာယခုပဲ စတင်ရှာဖွေလိုက်ပါ။ JobNet.com.mmဟာမြန်မာပြည်ရှိ ထိပ်တန်း ကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သော အလုပ်သမား များရှာဖွေပေးမှုနှင့် အလုပ်အကိုင်ရှာဖွေနေသူများ အတွက်လည်း အခြားမည်သည့် နေရာတွင်မှရှာဖွေ မရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များရရှိနိုင်ရန် ကြိုးစားလုပ်ဆောင် ကူညီပေးနေတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ JobNet.com.mmဝဘ်ဆိုဒ်တွင် ထောင်ပေါင်း များစွာသော job vacancies များကိုအွန်လိုင်းမှတဆင့် click တချက်တည်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်ပြီဖြစ်ပါတယ်။

Matt De Luca အကြောင်း

Matt De Luca ဟာJobNet.com.mmရဲ့မန်နေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၅ ခုနှစ်အ တွင်း JobNet.com.mm အား Co-founding မပြုလုပ်မှီ PricewaterhouseCoopers (PWC) ရဲ့ Management Consulting Division ပိုင်းမှာလုပ်ကိုင်ခဲ့ပြီး သူ့အနေနဲ့နယ်သာလန်နိုင်ငံမှာ technology အခန်းကဏ္ဍရဲ့ Banking ပေါ်မှာအကျိုး သက်ရောက်မှုနှင့်ပတ်သက်ပြီး အထူး တာဝန်ယူ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Matt ဟာJobnet.com.mmကို ဝင်ရောက် မလုပ်ကိုင်မှီ မြန်မာနိုင်ငံအတွင်း စီးပွားရေးဝင်ရောက် လုပ်ကိုင်မှုအဖြစ် လုပ်ကိုင်ခဲ့သော Rocket Internet ရဲ့ အလုပ်အကိုင်ဆိုဒ်တစ်ခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ Matt ဟာ Erasmus University၊ Rotterdam School of Management မှ Science in Finance ဘာသာရပ်တွင် Master ကိုင်ဆောင်ထားသူ လည်းဖြစ်ပါတယ်။ Matt ဟာရန်ကုန်တွင် အခြေချနေပြီး မြန်မာနိုင်ငံJobNet.com.mmရဲ့တိုးတက်မှုကိုဦးဆောင်မှုပြု နေသူလည်းဖြစ်ပါတယ်။

Justin Sway အကြောင်း

Justin Sway သည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး သူ၏အသက် (၄) နှစ်သားအရွယ်မှာ ၎င်း၏မိသားစုဟာ Australia နိုင်ငံသို့ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ယခုအချိန် မှာတော့ Australia တက္ကသိုလ်ပညာရေးနှင့် အနှစ် (၂၀) ကြာစီးပွားရေးလုပ်ငန်း အတွေ့အကြုံများ ကိုပိုင်ဆိုင်ထားပြီး နည်းပညာ နယ်ပယ်မှာအောင်မြင်သော စွန့်ဦးတီထွင်သူ အဖြစ်ရပ်တည်နေပြီ ဖြစ်ပါတယ်။ Justin ဟာ ၁၉၉၂ ခုနှစ်မှာ Australia နှင့် New Zealand တို့မှာ Recruitment ၊Payrool၊ Billing နှင့် Finance applications တွေကိုရှေးဦးစွာဖော်ဆောင်လုပ်ကိုင် သူအဖြစ်FastTrack Pty လီမီတက်ကို တည်ထောင် နိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီဟာ Australia ဈေးကွက် ရဲ့ ၄၀ ရာခိုင် နှုန်းကျော်ကို အောင်မြင်စွာ ပိုင်ဆိုင်နိုင်ခဲ့ပြီး ကမ္ဘာအနှံအပြားလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း စုများနှင့် SME လုပ်ငန်းများပါ ၎င်းရဲ့ clients များအဖြစ်ရရှိလာခဲ့ပြီး Australia နှင့် Euro တို့တွင်ရုံးခန်းများထား ရှိလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာနိုင်ငံ ၁၅ နိုင်ငံတွင် လုပ်ကိုင်လျှက်ရှိသော   နှစ်ပေါင်းများစွာသော စီးပွားရေးအတွေ့အကြုံများ နှင့်အတူ Justin ဟာ ယနေ့မြန်မာ နိုင်ငံရဲ့ တစ်နေ့လျှင် လူဦးရေတစ်သိန်း ခန့် ဝင်ရောက်ကြည့် ရှု့သော အင်တာနက်ကွန်ရက် ဖြစ်ပြီး နာမည်ကြီးလူသိများသော Jobnet.com.mm (အလုပ်အကိုင်ကွန်ရက်) နှင့် ShweProperty.com  (အိမ်ခြံမြေ ကွန်ရက်) တို့ရဲ့ CEO တစ် ယောက်အဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly