ရီးယဲလ်အသင်းမှာ ၂၀၂၁ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုလိုက်တဲ့ ရာမို့စ်

ရီးယဲလ်အသင်းမှာ ၂၀၂၁ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုလိုက်တဲ့ ရာမို့စ်
(ဓာတ်ပုံ - အီးပီအေ)

ဆာဂျီယိုရာမို့စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး သူဟာ ကလပ်အသင်းမှာ ၂၀၂၁ ခုနှစ်အထိ ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ အဓိကနောက်ခံလူနှင့် လာလီဂါဘီလူးကြီးအကြား တစ်စုံတစ်ရာ ပြဿနာများ မရှိဘဲ သဘောတူညီမှု ရရှိခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်ကြေညာချက် မရှိဘဲ စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ စာချုပ်ချုဆိုမှုကိုတော့ မကြာခင် တရားဝင် ကြေညာသွားမယ်လို့ သိရပါတယ်။

ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်က ဆီဗီလာအသင်းမှ ဘာနေဗျူးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကလပ်နှင့် နိုင်ငံအသင်းအတွက် ဆုဖလားများစွာနှင့် အောင်မြင်မှု အများအပြား ရရှိနေသူဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ နောက်ခံကစားသမားဟာ လွန်ခဲ့တဲ့ နှစ်နှစ်အကြာက မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် အကြီးအကျယ် ချိတ်ဆက်ခံခဲ့ရဖူးပါတယ်။

ရာမို့စ်ရဲ့ ယခုသက်တမ်းတိုးစာချုပ်အရ ၎င်းဟာ ရော်လ်နယ်ဒိုနှင့် ဘေးလ်တို့နှင့်အတူ ကလပ်အသင်းမှာ အမြင့်ဆုံးပေးချေရတဲ့ ကစားသမားများထဲက တစ်ဦးဖြစ်လာပါတယ်။

ရီးယဲလ်အသင်းဟာ နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုထားခဲ့သလို အစ္စကို၊ မာဆယ်လို၊ ကာဗာဂျယ်၊ ဘန်ဇီမာ၊ ဗာရန်း၊ အဆန်စီယို၊ လူကာ မိုဒရစ်နှင့် တိုနီခရူစ်တို့ကို စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

ရာမို့စ်ဟာ လက်ရှိ နည်းပြ ဇီဒန်းနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး နောက်ခံလူဟာ ယခုစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ရီးယဲလ်အသင်းမှာ ၁၆ နှစ်ကြာ ကစားခဲ့ရမှာဖြစ်ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly