မန်ယူကွင်းလယ်လူ ဖယ်လိုင်နီ ဒဏ်ရာကြောင့် ၂ ပတ်ခန့် နားရမည်

မန်ယူကွင်းလယ်လူ ဖယ်လိုင်နီ ဒဏ်ရာကြောင့် ၂ ပတ်ခန့် နားရမည်

မန်ယူကွင်းလယ်လူ ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံက ဘော့စနီးယားကို အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ၂ ပတ်ခန့် အနားယူရတော့မှာဖြစ်တယ်လို့ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

အဆိုပါ ကစားသမားဟာ ဘယ်လ်ဂျီယံက ဘော့စနီးယားကို ၄-၃ ဖြင့် အနိုင်ရတဲ့ ပွဲစဉ်မှာ ပွဲချိန် ၂၃ မိနစ်မှာပင် ဒဏ်ရာကြောင့် လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားရဲ့ ဒဏ်ရာဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဒဏ်ရာကြောင့် ဖယ်လိုင်နီဟာ အင်္ဂါနေမှာ ကစားရမယ့် ဆိုက်ပရပ်စ်နှင့် ပွဲစဉ်ကို လက်ရွေးစင်အသင်းအတွက် ပါဝင်ပေးနိုင်မှာ မဟုတ်သလို စနေနေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ဇယားမှာ ပြိုင်ဘက် မန်စီးတီးရဲ့ အောက် ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းကို ၇ မှတ်ဖြတ်ထားပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required